ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ မုန်တိုင်းငယ် ဆိုင်ကလုန်းအဆင့်ထိ ရောက်လာနိုင်

Author CJ Platform
Categories
Published on Nov 26, 2024

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကိုရွေ့လျားပြီး ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၇၉၀ ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီမုန်တိုင်းငယ်ဟာ အဆင့်ထက်မတက်နိုင်တော့ဘူးလို့ ခန့်မှန်းချက်တချို့ရှိနေသလို ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်လုနီးပါးအထိ ရှိတယ်လို့ ခန့်မှန်းချက်တချို့ရှိနေတာကြောင့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။