နေပြည်တော်မြို့တော်ဝန် နှင့်ဒုမြို့တော်ဝန် တို့ကို ထောင်သုံးနှစ်စီ အမိန့်ချ

Author အောင်နိူင်သူ
Categories
Published on Oct 11, 2022

နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့နှစ်ဦးကို ယနေ့ နေ့လည်ပိုင်းက နေပြည်တော်အချုပ်ထောင်အတွင်းရှိ စစ်ကောင်စီ၏ အထူးတရားရုံးမှ ထောင်ဒဏ်သုံးနှစ်အမိန့်ချမှတ်ခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူတွေဆီက သိရသည်။

နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးကနေ ယနေ့ နေ့လည်ပိုင်းက ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့နှစ်ဦးကို အဂတိပုဒ်မဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်ဟု တရားလွှတ်တော်ရှေနေတစ်ဦးက CJ Platform ကို ပြောသည်။

“ဒေါက်တာမျိုးအောင်က အဂတိပုဒ်မနဲ့စွဲတာ အမှုကငါးမှုဦးရဲမင်းဦးက အဂတိအမှုနှစ်မှု ဒါပေမဲ့ တရားရုံးက တစ်ပေါင်းကျခံစေဆိုတော့ သုံးနှစ်ပဲအမိန့်ချတာ တစ်ယောက်ကို သုံးနှစ်စီပဲကျတာ”ဟု ပြောသည်။

ဒေါက်တာမျိုးအောင်ဟာ ပြီးခဲ့တဲ့လတွေက ပုဒ်မ ၅၀၅(ခ)၊အဂတိပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခံထားရသူဖြစ်တာကြောင့် လက်ရှိအခြေအနေတွင် ထောင်ဒဏ်စုစုပေါင်း ၁၉ နှစ်ကျခံမည် ဖြစ်သည်။

အလားတူပင် ဦးရဲမင်းဦးမှာလည်း ပြီးခဲ့သည့်လများက အဂတိပုဒ်မများနှင့် ထောင်ဒဏ်စုစုပေါင်း အနှစ်နှစ်ဆယ်ချမှတ်ထား၍ လက်ရှိအခြေအနေတွင် စုစုပေါင်းထောင်ဒဏ် ၂၃ နှစ်ကျခံရမှာဖြစ်သည်။