နိုဝင်ဘာလ ၁၅ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ကရင်၊ မွန်ပြည်နဲ့ တနင်္သာရီတိုင်းတို့မှာ ဒီကနေ့ ညနေပိုင်းအထိ နေရာကွက်ပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းပါတယ်။
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ အများအားဖြင့် သာယာမယ်လို့ ခန့်မှန်းထားပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။