“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (မတ်လ ၁၇ ရက်မှ ၂၃ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Mar 24, 2024

“ကမ္ဘာ့ရွှေပြန်ကျပြီး မြန်မာ့ရွှေ စံချိန်ဆက်တင်”

 

သမိုင်းဝင်မှတ်တမ်းများနဲ့ စံချိန်တင်ထားတဲ့ မြန်မာ့ရွှေဈေးကတော့ ဒီတစ်ပတ်မှာလည်း ဆက်လက် မြင့်တက်ဆဲပါ။

 

အတက်ကြမ်းနေတဲ့ မြန်မာ့ရွှေဈေးကို အားနာသည့်အလား ပြီးခဲတဲ့ ရက်သတ္တပတ်က တစ်အောင်စကို အမေရိကန် ဒေါ်လာ ၂၂၀၀ နီးပါး ဖြစ်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေး ဟာ အမေရိကန် ၁၁ ဒေါ်လာ နှုန်း ပြန်လည်ကျဆင်းခဲ့ပါတယ်။

 

မြန်မာ့ရွှေဈေးကွက် အတွင်း အာဏာမသိမ်းမီ ကာလများက တိကျမှန်ကန်ပြီး ဈေးကွက်ကို ကိုင်တွယ်ခြယ်လှယ်နိုင်ခဲ့သည် အထိ ရွှေထီးဆောင်းနိုင်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YEGA) ရဲ့  Facebook စာမျက်နှာထက်မှာ ဖော်ပြထားတဲ့ ရွှေဈေးနှုန်းတွေကတော့ မြေပြင်ဈေးကွက် နှင့် သိသာထင်ရှားတဲ့ ကွာဟမှုတွေ ရှိနေပါတယ်။

 

စစ်ကောင်စီ လက်အောက်ခံ ၎င်းတို့ စာမျက်နှာထက်မှာ အကယ်ဒမီ မီးလင်းရွှေ(၁၆ ပဲရည် အခေါက်ရွှေ)အတွက် မတ် ၂၃ ရက် ဈေးကွက် အပိတ်ဈေးကို တစ်ကျပ်သား ဈေး ကျပ် ၃၇ သိန်း ၉ သောင်း ၈ ထောင့် ၈ ရာ လို့ဖော်ပြထားပါတယ်။

 

မြေပြင်ဈေးကွက် အတွင်း ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ကို ၄၁ သိန်း ၇သောင်းမှ ကျပ် ၆သောင်းခွဲ တိုးခဲ့ကာ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ကလည်း ၃၉ သိန်း ၂သောင်းမှ ၆ သောင်းကျပ် တိတိကျကျ တိုးခဲ့ပါတယ်။

 

မတ်လ ၂၃ ရက် စနေနေ့ ရွှေဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ၂၁၆၅ ဒေါ်လာ ၊ မြန်မာ့ရွှေ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၂ သိန်း ၃ သောင်း ၅ ထောင် ၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၃၉ သိန်း ၈ သောင်း ဈေးရှိခဲ့ပါတယ်။