“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (မတ်လ ၁၀ ရက်မှ ၁၆ အထိ)

Author လင်းနွေဦး
Categories
Published on Mar 16, 2024

“စံချိန်ကျော်လာတဲ့ အခေါက်ရွှေဈေး”

 

ဒီတစ်ပတ်ရဲ့ ရွှေဈေးနှုန်း တွေဟာ ဈေးကွက်စောင့်ကြည့်နေသူတွေ အဖို့ မျက်လုံးပြူးခဲ့ရတဲ့ ရက်သတ္တပတ်လို့ဆိုရင် လွန်မည်မထင်။

 

အတက်ကြမ်းနေတဲ့ မြန်မာ့အခေါက်ရွှေဈေးနှုန်းတွေက ဖေဖော်ဝါရီ နောက်ဆုံးပတ်များမှာ မှတ်တမ်းဝင် စံချိန်တင်ဈေး သိန်းလေးဆယ်ထက်ကို ကျော်လွန်ပြီး “စံချိန်ကျော်”သွားတဲ့ အနေအထားဖြစ်ခဲ့ကာ ရွှေဈေးကွက် ပညာရှင်တွေကပါ “ရွှေဈေးတွေ ဆက်တိုက်တက်မယ့် အခြေအနေပါ”လို့ ထုတ်ပြော ခဲ့ရပါတယ်။

 

ကမ္ဘာ့ရွှေဈေး ဘက်မှာတော့ အရင်တစ်ပတ်ကထက် ဈေးကျခဲ့ကာ တစ်အောင်စကို အမေရိကန် ၂၂ ဒေါ်လာအထိ ပြန်ကျခဲ့ပါတယ်။

 

၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၃၈၀၅၀၀၀ မှ တစ်သိန်း တစ်သောင်းခွဲ ဈေးထပ်တက်ခဲ့ပြီး ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကလည်း သိန်း ၄၀၃၅၀၀၀ မှ ၁ သိန်း ၃ သောင်းခွဲထိ ဈေးတက်ခဲ့ပါတယ်။

 

မတ်လ တတိယ အပတ် စနေနေ့ အတွက် ရွှေဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ၂၁၅၆ ဒေါ်လာ ၊ မြန်မာ့ ၁၅ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၃၉ သိန်း ၂ သောင်း နဲ့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၄၁ သိန်း ၇ သောင်း နှုန်း စံချိန်ကျော် ဈေးရှိခဲ့ပါတယ်။