“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဖေဖော်ဝါရီ ၂၅ မှ မတ် ၂ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Mar 02, 2024

“ကမ္ဘာ့ရွှေဆက်တက်ပြီး မြန်မာ့ရွှေပြန်ကျ”

 

၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား သိန်းလေးဆယ် နီးပါး ဈေးတက်ခဲ့ကာ သမိုင်းဝင် ရွှေဈေးဖြစ်တော့မလားလို့ စောင့်ကြည့်ခဲ့ ရတဲ့ ပြီးခဲ့တဲ့ တစ်ပတ်က မြန်မာ့ရွှေဈေးဟာ ဒီတစ်ပတ်မှာတော့ ပြန်ကျခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေဈေးကတော့ ဆက်လက်တက်ခဲ့ရာမှာ ပြီးခဲ့တဲ့ အပတ်ကထက် တစ်အောင်စကို အမေရိကန် ၄၇ ဒေါ်လာအထိ တက်ခဲ့ပါတယ်။

 

ပြည်တွင်းရွှေဈေးကွက် အတွင်း ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၃၇ သိန်း ၃ သောင်းမှ ၂ သောင်းခွဲ အတိ ဈေးကျခဲ့သလို ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကလည်း ၃၉ သိန်း ၅ သောင်း ကနေ ၁ သောင်းခွဲ အတိ ဈေးပြန်ကျခဲ့ပါတယ်။

 

မတ်လ ပထမအပတ် စနေနေ့ ရွှေဈေး အပိတ် ဈေးနှုန်းတွေကတော့ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ကို ၃၇ သိန်း ၅ ထောင်၊ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၃၉ သိန်း ၃ သောင်းခွဲ ဈေးရှိကာ ကမ္ဘာ့ရွှေဈေး အဖြစ် တစ်အောင်စကို အမေရိကန် ၂၀၈၂ ဒေါ်လာ ဈေးရှိပါတယ်။