“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဇန်နဝါရီ ၂၈ မှ ဖေဖော်ဝါရီ ၃ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Feb 03, 2024

“တောက်လျှောက်တက်နေတဲ့ရွှေဈေး ပြန်ကျ”

 

သမိုင်းတလျှောက် ဒုတိယမြောက် စံချိန်တင်ဈေးနှုန်းအထိ မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးတွေ အခုဖေဖော်ဝါရီ ဒုတိယအပတ်ထဲမှာ ပြန်ကျလာပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးပတ်ထဲ ရွှေဈေးတွေ တဟုန်ထိုးတက်ခဲ့တာကြောင့် ၁၆ ပဲရည် တစ်ကျပ်သား ကျပ် ၃၉ သိန်းနီးပါးအထိ ဈေးရောက်ခဲ့တာပါ။

 

ပြည်တွင်းရွှေဈေးကွက်ထဲ အရင်ပတ်ကထက် ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်တစ်သိန်းနဲ့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၇ သောင်းကျပ်အထိ ဈေးကျခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်ထဲမှာတော့ အရင်အပတ်ကထက် တက်လာခဲ့တာကိုတွေ့မြင်ခဲ့ရပြီး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၁ အထိမြင့်တက်လာခဲ့ပါတယ်။

 

ဖေဖော်ဝါရီပထမပတ် စနေနေ့ရဲ့ ပြည်တွင်းရွှေ အပိတ်ဈေးမှာ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၃၅ သိန်း ၇ သောင်းနဲ့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၃၈ သိန်းဖြစ်ပါတယ်။