“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဇန်နဝါရီ ၁၄ မှ ၂၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jan 20, 2024

၃၈ သိန်းဖြစ်ဖို့ ငါးထောင်အလို ရွှေဈေး

 

မြန်မာနိုင်ငံထဲက ရွှေဈေးကွက်ဟာ လက်ချိုးရေလို့ရတဲ့ ရင်းနှီးမြှုပ်နှံစရာ ဈေးကွက်လေးတစ်ခုပါ။ အဲဒါကြောင့် ဈေးနှုန်းကျဖို့ခက်သလို တက်ပြီးရင်လည်း ပြန်မဆင်းပါဘူး။

 

အခုလည်း ပြီးခဲ့တဲ့အပတ်တုန်းက အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃၇ သိန်း ခုနစ်သောင်းခန့်ကနေ အခုလည်း ၃၈ သိန်းပြည့်ဖို့ ငါးထောင်ကျပ်သာလိုတဲ့အထိ မြင့်တက်လာပြန်ပါတယ်။

 

အမေရိကန်ဒေါ်လာဈေးမတက် ကမ္ဘာ့ရွှေဈေးကျပေမဲ့ ပြည်တွင်းရွှေဈေးကတော့ မကျတဲ့အပြင် တက်တောင်နေတာပါ။ တက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ပြည်တွင်းမငြိမ်မသက်မှုကြောင့် ကျပ်ငွေမကိုင်ရဲတဲ့ ငွေပိုငွေလျှံရှိသူတွေရဲ့ ဝယ်လိုအားကြောင့်ပဲဖြစ်ပါတယ်။

 

ဒီတစ်ပတ် စနေအပိတ်ဈေးနဲ့ ပြီးခဲ့တဲ့အပတ်ကိုနှိုင်းယှဉ်မယ်ဆိုရင် အခေါက်ရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် နှစ်သောင်းခွဲလောက်တက်သွားပေမယ့် ကမ္ဘာ့ရွှေဈေးကတော့ ကာလတူအတွင်း တစ်အောင်စကို အမေရိကန်၂၅ ဒေါ်လာအထိ ကျဆင်းသွားတာကို တွေ့ရပါတယ်။

 

လက်ရှိ ပြည်တွင်းရွှေဈေးကွက်ထဲ ၁၅ ပဲရည်တစ်ကျပ်သား ကျပ် ၃၅ သိန်း ကိုးသောင်းခွဲ၊ ၁၆ ပဲရည်တစ်ကျပ်သား ၃၇ သိန်း ကိုးသောင်းခွဲရှိပြီး ကမ္ဘာ့ရွှေတစ်အောင်စ အမေရိကန် ၂၀၂၉ ဒေါ်လာဖြစ်ပါတယ်။