“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဇန်နဝါရီ ၈ မှ ၁၃ အထိ)

Author ကိုထားဝယ်
Categories
Published on Jan 13, 2024

၃၈ သိန်းနီးပါးအထိ တက်လာတဲ့ရွှေဈေး

 

ဒီတစ်ပတ်ထဲ နိုင်ငံရေးအလှုပ်အခပ်တွေကြား ပြည်တွင်းရွှေဈေးနှုန်းဟာ အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃၈ သိန်းနီးပါးအထိ မြင့်တက်လာခဲ့ပါတယ်။

 

ပြည်တွင်း ရွှေဈေးတက်စေခြင်းရဲ့ အဓိကအချက်တွေဖြစ်တဲ့ ပြည်တွင်းဝယ်လိုအား၊ အမေရိကန်ဒေါ်လာအတက်/အကျနဲ့ ကမ္ဘာ့ရွှေဈေးကွက်အပြောင်းအလဲတွေထဲ အမေရိကန်ဒေါ်လာ ဈေးနှုန်းတည်ငြိမ်နေပေမဲ့ ပြည်တွင်းဝယ်လိုအားနဲ့ ကမ္ဘာ့ရွှေဈေးတက်လာတာတို့ကြောင့် မြင့်တက်လာတာပါ။

 

ကမ္ဘာ့ရွှေဈေးဟာ ဇန်နဝါရီ ပထမပတ်ကထက် တနင်္လာနေ့မှာ ကျဆင်းခဲ့ပေမဲ့ အဲဒီနောက်ပိုင်းတရိပ်ရိပ် ပြန်လည်မြင့်တက်လာခဲ့ပြီး အခုတစ်ပတ်ထဲ တစ်အောင်စကို အမေရိကန် ၂၂ ဒေါ်လာအထိ မြင့်တက်ခဲ့ပါတယ်။ ပြည်တွင်းရွှေဈေးဟာလည်း တစ်ပတ်အတွင်း အခေါက်ရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ငါးသောင်းကျပ်အထိ မြင့်တက်ခဲ့တာပါ။

 

လက်ရှိ ပြည်တွင်းရွှေဈေးကွက်ထဲ အခေါက်ရွှေ ၁၅ ပဲရည် တစ်ကျပ်သား ၃၅ သိန်း ခုနစ်သောင်းကျပ်နဲ့ ၁၆ ပဲရည်တစ်ကျပ်သား ၃၇ သိန်း ခုနစ်သောင်းကျပ်ရှိပြီး ကမ္ဘာ့ရွှေဈေးကွက်ထဲ တစ်အောင်စကို အမေရိကန် ၂၀၄၈ ဒေါ်လာ ဖြစ်ပါတယ်။