“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဒီဇင်ဘာ ၂၄ မှ ၃၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 30, 2023

“မပြောင်းလဲတဲ့ ရွှေဈေး”

 

ဘာတွေ ဘယ်လိုပြောင်းပြောင်း ပြည်တွင်းရွှေဈေးကတော့ အတက်ဈေးနဲ့ပဲ ငြိမ်နေဆဲဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာဈေး အတက်အကျဖြစ်၊ ကမ္ဘာ့ရွှေဈေး ပြန်ကျသလို ပြည်တွင်း ရွှေဝယ်လိုအား မရှိပေမယ့် ပြည်တွင်းရွှေဈေးက မကျဘဲ အရင်အပတ်က ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ တတိယအပတ်မှာ ပြည်တွင်း အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၃၇ သိန်းအပေါ်မှာပဲ ရှိခဲ့သလို အခုအပတ်ထဲမှာလည်း အဲဒီအောက်ကို ကျတဲ့ရက် တစ်ရက်မှ မရှိခဲ့ပါဘူး။

 

အခု ဒီဇင်ဘာနောက်ဆုံးပတ်ထဲ ၁၆ ပဲရည် တစ်ကျပ်သားဈေးနှုန်းတွေဟာ ဒီဇင်ဘာ ၂၅ ရက် တနင်္လာနေ့က ၃၇ သိန်း ငါးထောင်နဲ့ဖွင့်ခဲ့ပြီး ဒီဇင်ဘာ ၂၆ အင်္ဂါနေ့မှာ ၃၇ သိန်း တစ်သောင်းကျပ်၊ ဗုဒ္ဓဟူးနေ့မှာ ၃၇ သိန်း ငါးထောင်ကျပ်၊ ကြာသာပတေးနေ့မှာ ၃၇ သိန်း နှစ်သောင်းကျပ်၊ သောကြာနေ့မှာ ၃၇ သိန်း ငါးထောင်ကျပ်နဲ့ စနေနေ့မှာတော့ ၃၇ သိန်း တစ်သောင်းကျပ်ကို ပြန်လည်ပိတ်သွားခဲ့ပါတယ်။

 

ဒီတစ်ပတ် ကမ္ဘာ့ရွှေဈေးကွက်ထဲမှာတော့ အတက်အကျတွေဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်လုံးအတိုင်းအတာအရ ဈေးနှုန်းမြင့်တက်ခဲ့တာကို တွေ့မြင်ရပါတယ်။ တစ်ပတ်အတွင်း ကမ္ဘာ့ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၇ ဒေါ်လာလောက်မြင့်တက်သွားပါတယ်။

 

လတ်တလော ရွှေဈေးကွက် ၁၅ ပဲရည်တစ်ကျပ်သား ၃၅ သိန်း တစ်သောင်းကျပ်၊ ၁၆ ပဲရည်တစ်ကျပ်သား ၃၇ သိန်း တစ်သောင်းကျပ်နဲ့ ကမ္ဘာ့ရွှေ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၀၆၂ ဖြစ်ပါတယ်။