“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဒီဇင်ဘာ ၁၇ မှ ၂၃ အထိ)

Author ကိုထားဝယ်
Categories
Published on Dec 23, 2023

“ကမ္ဘာ့ရွှေဈေးတက်လို့ မကျပြန်တဲ့ ပြည်တွင်းရွှေဈေး”

 

ဒီဇင်ဘာလထဲ တောက်လျှောက်ဆိုသလို အရောင်းအဝယ်အေးနေတဲ့ ပြည်တွင်းရွှေဈေးကွက်ဟာ ဒီတစ်ပတ်ထဲမှာလည်း မကျဘဲ အမြင့်ဈေးမှာပဲ ဆက်ရှိနေပါတယ်။

 

အခုပတ် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့တွေမှာ အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃၇ သိန်းအောက်ရောက်ခဲ့ပေမယ့် သောကြာမှာ ၃၇ သိန်း ပြန်ရောက်သလို စနေမှာတော့ ၃၇ သိန်းကျော်အထိပြန်တက်ခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေဈေးကတော့ ဒီတစ်ပတ်ထဲ တောက်လျှောက်မြင့်တက်ခဲ့ပြီး အရင်ပတ်က တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၀၁၉ သာရှိခဲ့ရာမှ အခုစနေနေ့မှာ တစ်အောင်စ ကန်ဒေါ်လာ ၂၀၅၂ အထိမြင့်တက်ခဲ့တာကြောင့် အရင်ပတ်ကထက် တစ်အောင်စ ဒေါ်လာ ၃၀ ကျော်အထိ မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။

 

ဒါကြောင့် အရောင်းအဝယ် မရှိသလောက် အေးနေတဲ့ ပြည်တွင်းရွှေဈေးဟာလည်း ပြန်လည်မြင့်တက်ခဲ့ပြီး အမြင့်ဈေးနဲ့ တည်ငြိမ်နေခဲ့တာဖြစ်ပါတယ်။

 

ပြည်တွင်းရွှေဈေးကွက်ထဲ ၁၅ ပဲရည် တစ်ကျပ်သား ကျပ် ၃၅ သိန်း တစ်သောင်းခွဲ၊ ၁၆ ပဲရည် တစ်ကျပ်သား ၃၇ သိန်း တစ်သောင်းခွဲရှိပြီး ကမ္ဘာ့ရွှေ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၀၅၂ ဖြစ်ပါတယ်။