“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဒီဇင်ဘာ ၁၀ရက်မှ ၁၆ရက်ထိ)

Author ကိုထားဝယ်
Categories
Published on Dec 17, 2023

“တက်ဈေးနဲ့ ငြိမ်နေတဲ့ ရွှေဈေး”

 

ကမ္ဘာ့ရွှေဈေးကျသလို ကန်ဒေါ်လာဈေးတွေ ငြိမ်နေပေမယ့် ပြည်တွင်းရွှေဈေး မကျဘဲ အတက်ဈေးနဲ့  ငြိမ်သက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီတစ်ပတ်ရွှေဈေးဟာ ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၃၇ သိန်းအောက် ကျဆင်းခြင်းမရှိခဲ့ဘဲ အပေါ်မှာသာတည်နေခဲ့ပြီး အပိတ်နေ့ စနေမှာတော့ တစ်ကျပ်သား ၃၇ သိန်းကျပ်နဲ့ ပိတ်ခဲ့တာကို တွေ့ရပါတယ်။

 

ပြည်တွင်း အရောင်းအဝယ်ကတော့ ငြိမ်သက်သွားပြီ ဖြစ်တယ်လို့ ရန်ကုန်က ရွှေဆိုင်တွေဆီက သိရသလို ရွှေတုံးအရောင်းအဝယ်ဟာလည်း ငြိမ်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ်ထဲ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၁၀၀ နီးပါးအထိ တက်ခဲ့ပေမယ့် ဒီတစ်ပတ်ထဲ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ ဒီတစ်ပတ် အစောပိုင်းရက်တွေထဲ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စ ကန်ဒေါ်လာ ၁၉၈၀ အောက်အထိ ကျဆင်းခဲ့ပေမယ့် စနေနေ့မှာတော့ တစ်အောင်စ ကန်ဒေါ်လာ ၂၀၂၀ နီးပါးအထိ ပြန်တက်တာကို တွေ့ရပါတယ်။

 

စနေနေ့ ပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၇ သိန်း၊ ၁၅ ပဲရည်တစ်ကျပ်သားကို ကျပ် ၃၅ သိန်းရှိပြီး ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၁၉ ဖြစ်ပါတယ်။