“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၂ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 03, 2023

“တစ်ကျပ်သား ၃၇ သိန်းအထိ ပြန်တက်လာတဲ့ ရွှေဈေး”

 

ဒီတစ်ပတ်ထဲ နိုင်ငံရေးအလှုပ်အခတ်တွေနဲ့ တိုက်ပွဲပြင်းထန်မှုတွေကြောင့် မြန်မာနိုင်ငံထဲက ရှားရှားပါးပါး ရင်းနှီးမြှုပ်နှံစရာဖြစ်တဲ့ ရွှေကို အလုအယက်ဝယ်ကြပြန်တဲ့အတွက် ရွှေဈေးတွေ ပြန်တက်လာပြန်ပါတယ်။

 

နိုဝင်ဘာ ပထမနဲ့ ဒုတိယအပတ်တွေမှာ ရှမ်းမြောက်က တိုက်ပွဲတွေကြောင့် ၁၆ ပဲရည် တစ်ကျပ်သား ကျပ် ၃၈ သိန်းလောက်အထိမြင့်တက်ခဲ့တဲ့ပြည်တွင်းရွှေဈေးဟာ နိုဝင်ဘာ တတိယအပတ်ထဲပြန်ကျပေမယ့် အခုအပတ်ထဲမှာတော့ တစ်ကျပ်သား ကျပ် ၃၇ သိန်းကျော်အထိပြန်တက်လာပြန်ပါတယ်။

 

ဒါကြောင့် ၁၆ ပဲရည်တစ်ကျပ်သားကို ပြီးခဲ့တဲ့အပတ်ကနေ နှိုင်းယှဉ်ရင် ကျပ်ငါးသောင်းကျော်အထိ ပြန်တက်လာတဲ့သဘောပါ။ တစ်ဖက်မှာလည်း ကမ္ဘာ့ရွှေဈေးက စံချိန်တင်လိုက်ပါမြင့်တက်လာသလို အမေရိကန်ဒေါ်လာဈေးတွေလည်း မြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးက ဆက်လက် မြင့်တက်မယ့် အရိပ်အယောင်တွေ ရှိနေတာပါ။ ကမ္ဘာ့ရွှေဈေးကွက်ထဲ ပြီးခဲ့တဲ့အပတ်ကထက် တစ်အောင်စကို အမေရိကန် ၆၀ ကျော်အထိ မြင့်တက်လာတာပါ။

 

လက်ရှိပြည်တွင်းရွှေဈေးကွက်မှာ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၇ သိန်း၊ ၁၅ ပဲရည် တစ်ကျပ်သားကို ကျပ် ၃၅ သိန်းဈေးရှိပြီး ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၇၂ ဖြစ်ပါတယ်။