“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (မတ်လ ၃ ရက်နေ့ မှ ၉ ရက်အထိ)

Author  လင်းနွေဦး
Categories
Published on Mar 10, 2024

“ပြန်ကျမြဲ ကျဆဲစက်သုံးဆီ”

 

စက်သုံးဆီဈေးတွေဟာ ဒီတစ်ပတ်မှာ တော့ အရင်အပတ်ကထပ် ပိုကျခဲ့ပြီး စက်သုံးဆီ အမျိုးအစား အကုန်ဈေးကျခဲ့တာပါ။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်က ဓာတ်ဆီဈေး တစ်လီတာဟာ ၂၉၀၀ ကျပ်ကျော်အထိ ဖြစ်ခဲ့တာကြောင့် တစ်လီတာ ၃၀၀၀ ကျပ်နှုန်း ဝန်းကျင်အထိ ဖြစ်လာမလားလို့ စောင့်ကြည့်ခဲ့ရပေမဲ့လို ယခုအပတ်မှာ တမူထူးခြားစွာ နဲ့ ဈေးတွေဆက်တိုက်ကျခဲ့တာပဲ ဖြစ်ပါတယ်။

 

ရိုးရိုးဒီဇယ် တစ်လီတာကို ၂၄၈၅ ကျပ်မှ ၅၅ ကျပ်နှုန်း ထပ်ကျခဲ့သလို အဆင့်မြင့် ဒီဇယ် တစ်လီတာကလည်း ၂၅၂၅ ကျပ် မှ ၄၅ ကျပ်နှုန်း ပြန်ကျခဲ့ကာ ဓာတ်ဆီအမျိုးအစားတွေဖြစ်တဲ့ 92 အောက်တိန်း တစ်လီတာကို ၂၇၁၅ ကျပ်ကနေ ၃၅ ကျပ်နှုန်း ဈေးကျခဲ့ပြီး 95 ‌အောက်တိန်း တစ်လီတာကလည်း ၂၈၃၅ ကျပ် ကနေ ၄၅ ကျပ်နှုန်း ဈေးကျခဲ့တာပါ။

 

ဒီအပတ်ရဲ့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေ ကတော့ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၄၃၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၂၄၈၀ ကျပ်ဈေးရှိကာ ဓာတ်ဆီအမျိုးအစားများ အဖြစ် 92 အောက်တိန်း တစ်လီတာကို ၂၆၈၀ ကျပ် နဲ့ 95 အောက်တိန်း တစ်လီတာကို ၂၇၉၀ ကျပ်ဈေးရှိပါတယ်။