ဒီတစ်ပတ် စက်သုံးဆီအခြေအနေ (ဇန်နဝါရီ ၂၈ မှ ဖေဖော်ဝါရီ ၃ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Feb 03, 2024

“တစ်လီတာ တစ်ရာကျော်အထိတိုးတဲ့ စက်သုံးဆီ”

 

စက်သုံးဆီဈေးတွေဟာ ထပ်တက်ဖို့ရှိပြီး တစ်လီတာ ကျပ် ၃၀၀၀ ထောင်အထိ ရောက်လာမလား စောင့်ကြည့်ရမယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်မှာ CJ Platform က ရေးသားဖော်ပြခဲ့ပါတယ်။

 

ခုတစ်ပတ်မှာတော့ စက်သုံးဆီဈေးတွေဟာ တစ်လီတာ ကျပ် ၃၀၀၀ အထိ ချက်ချင်း မရောက်လာသေးပေမဲ့ တဖြည်းဖြည်း နီးကပ်လို့ လာခဲ့ပါပြီ။

 

ဒီတစ်ပတ် စက်သုံးဆီဈေးကွက်ထဲ အရင် ဇန်နဝါရီနောက်ဆုံးပတ်ကထက် ရိုးရိုးဒီဇယ် တစ်လီတာ ၁၀၅ ကျပ်၊ ၈၅ ကျပ်အထိ တက်လာသလို အောက်တိန်းတစ်လီတာ ၆၀ ကျပ်နဲ့ အောက်တိန်း ၉၅ တစ်လီတာ ၄၅ ကျပ်အထိ တက်လာခဲ့ပါတယ်။

 

အမေရိကန် ဒေါ်လာဈေးအပါအဝင် နိုင်ငံခြားငွေကြေးတွေ မြင့်တက်လာခြင်းနဲ့အတူ ပြည်ပက မှာယူတင်သွင်းရတဲ့ စက်သုံးဆီဈေးတွေလည်း လိုက်ပါမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

 

ဖေဖော်ဝါရီ ပထမပတ် စက်သုံးဆီဈေးကွက်ထဲ ရိုးရိုးဒီဇယ် တစ်လီတာ ၂၅၅၅ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာ ၂၆၀၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၂၇၆၅ ကျပ်နှင့် အောက်တိန်း 95 တစ်လီတာ ၂၈၉၀ ကျပ်နဲ့အရောင်းအဝယ်ပြုလုပ်ခဲ့ကြပါတယ်။