“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဖေဖော်ဝါရီ ၂၅ မှ မတ်လ ၂ ရက်နေ့အထိ)

Author လင်းနွေဦး
Categories
Published on Mar 02, 2024

“အကုန်ပြန်ကျတဲ့ စက်သုံးဆီ”

 

ဓာတ်ဆီ တစ်လီတာ ၂၉၀၀ နီးပါးအထိ တက်ခဲ့တဲ့ ပြီးခဲ့တဲ့ အပတ်က စက်သုံးဆီ ဈေးနှုန်းတွေကြောင့် ပြည်သူတွေ ရင်ထိတ်ခဲ့ရပေမဲ့ ဒီတစ်ပတ် မှာ စက်သုံးဆီ ဈေးတွေ အကုန် ပြန်ကျခဲ့ပါတယ်။

 

စက်သုံးဆီ ဈေးတက်ရင် နောက်ကနေ လိုက်တတ်တဲ့ ကုန်ဈေးနှုန်းလို အရာတွေ ရှိတာကြောင့် ဒီတစ်ပတ် တော့ အနည်းငယ် စိတ်အေးခဲ့ရတဲ့ ရက်သတ္တပတ်လို့ သုံးသပ်ရမှာပါ။

 

ရိုးရိုးဒီဇယ် တစ်လီတာကို ၂၅၆၅ ကျပ်ကနေ ၈၀ ကျပ်တိတိ ကျ၍ လည်းကောင်း၊ အဆင့်မြင့် ဒီဇယ် တစ်လီတာကို ၂၆၁၀ ကျပ်ကနေ ၈၅ ကျပ် ကျ၍ လည်းကောင်း ဈေးကျခဲ့ပြီး ဓာတ်ဆီ အမျိုးအစားဘက်မှာတော့ 92 အောက်တိန်း တစ်လီတာကို ၂၇၇၀ ကျပ်မှ ၅၅ ကျပ် ကျကာ 95 အောက်တိန်း တစ်လီတာကို ၂၈၈၅ ကျပ် မှ ၅၀ ကျပ် တိတိ ပြန်ကျခဲ့တာပါ။

 

ဒီတစ်ပတ် စက်သုံးဆီ ဈေးနှုန်းတွေဟာ ဒီဇယ်အမျိုးအစားအတွက် ၈၀ ကျပ်ဝန်းကျင် ကျခဲ့ပြီး ဓာတ်ဆီ အမျိုးအစားအတွက် ၅၀ ကျပ် ပတ်ချာလည် အထိ ကျခဲ့တယ်လို့ ဆိုရပါမယ်။

 

မတ်လ ရဲ့ ပထမ အပတ် စနေနေ့ စက်သုံးဆီ အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ကို ၂၄၈၅ ကျပ်၊ အဆင့်မြင့် ဒီဇယ် တစ်လီတာကို ၂၅၂၅ ကျပ် ဈေးရှိကာ ဓာတ်ဆီ ဈေးနှုန်းတွေ ကတော့ 92 အောက်တိန်း တစ်လီတာကို ၂၇၁၅ ကျပ် နဲ့ 95 အောက်တိန်း တစ်လီတာကို ၂၈၃၅ ကျပ်ဈေး ရှိပါတယ်။