“ဒီတစ်ပတ် စက်သုံးဆီဈေး အခြေအနေ” (မတ်လ ၂၄ ရက်မှ ၃၀ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Mar 31, 2024

“ဒီဇယ်အကျ 95အတက်နဲ့ ဒီတစ်ပတ်စက်သုံးဆီ”

 

ဒီတစ်ပတ်စက်သုံးဆီ ဈေးနှုန်းတွေဟာ အရင်အပတ်နဲ့ မတူဘဲ ထူးထူးခြားခြားရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့အပတ်က တည်ငြိမ်ခဲ့တဲ့ ဒီဇယ်ဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာ ရှိရင်းဈေးထပ် ပြန်ကျခဲ့ပြီး ဓာတ်ဆီ အမျိုးအစားဖြစ်တဲ့ 92 အောက်တိန်း တစ်လီတာဈေးကလည်း အရင်ရက်သတ္တပတ် အတိုင်းမပြောင်းမလဲ ရှိနေခဲ့ကာ 95 အောက်တိန်း တစ်လီတာဈေးနှုန်းသာ အနည်းငယ် တက်ခဲ့တာကြောင့် ဖြစ်ပါတယ်။

 

ရိုးရိုးဒီဇယ် တစ်လီတာ နဲ့ အဆင့်မြင့် ဒီဇယ် တစ်လီတာဈေးနှုန်း တွေ အဖြစ် ၂၄၃၅ ကျပ်နဲ့ ၂၄၈၀ ကျပ် မှ  ၃၅ ကျပ်စီ တူညီစွာ ဈေးကျခဲ့ပြီး ဓာတ်ဆီအမျိုးအစား အဖြစ် 95 အောက်တိန်း တစ်လီတာကို ၂၉၀၀ ကျပ် ကနေ ၁၅ ကျပ် ဈေးတက်ခဲ့ပါတယ်။

 

မတ်လ နောက်ဆုံးပတ် အတွက် စက်သုံးဆီ ဈေးကွက် အပိတ်ဈေးတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၄၄၅ ကျပ် နဲ့ ဓာတ်ဆီ အမျိုးအစားများအဖြစ် 92 အောက်တိန်း တစ်လီတာ ၂၇၉၅ ကျပ်၊ 95 အောက်တိန်း တစ်လီတာ ၂၉၁၅ ကျပ်ဈေး ရှိခဲ့ပါတယ်။