“ဒီတစ်ပတ် စက်သုံးဆီဈေး အခြေအနေ” (ဖေဖော်ဝါရီ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ)

Author လင်းနွေဦး
Categories
Published on Feb 10, 2024

“အကုန်ပြန်ကျတဲ့ စက်သုံးဆီဈေး”

 

ပြီးခဲ့တဲ့နှစ်ပတ်လောက်ကစလို့ စက်သုံးဆီဈေးတွေ တရိပ်ရိပ်တက်လာခဲ့တာဟာ တစ်လီတာကို ၂၉၀ဝ ဝန်းကျင်နားကို ရောက်ခဲ့အထိပါပဲ။

 

ဒါကြောင့် ဒီတစ်ပတ်မှာ စက်သုံးဆီ တစ်လီတာဈေးဟာ ၃၀ဝ၀ ဝန်းကျင်အထိ ဖြစ်လာမလားလို့ ရင်သပ်ရှုမော စောင့်ကြည့်ခဲ့ရပေမဲ့ ပြန်ကျခဲ့တာကြောင့် ပြည်သူတွေ အသက်ရှုနည်းနည်း ချောင်ခဲ့ရပါတယ်။ စက်သုံးဆီနောက်က အထွေထွေ စျေးနှုန်းတွေ အများကြီး လိုက်တက်လာနိုင်တာကြောင့် ပြည်သူတွေ ရင်မောနေခဲ့ရတာပါ။

 

အရင်ပတ်ကထက် ရိုးရိုး ဒီဇယ် တစ်လီတာကို ၂၅ ကျပ်၊ အဆင့်မြင့် ဒီဇယ် တစ်လီတာကို ၃၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ၈၀ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၈၅ ကျပ်အထိ အကျပြခဲ့ပါတယ်။

 

ဒီအပတ်ရဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်ရဲ့ ရည်ညွှန်းဈေးနှုန်းတွေကတော့ ရိုးရိုး ဒီဇယ် တစ်လီတာ ၂၅၂၅ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာ ၂၅၇၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၂၆၈၅ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာ ၂၈၀၅ ကျပ် ဈေးရှိနေပါတယ်။