“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (ဒီဇင်ဘာ ၁၈ရက် မှ ၂၄ ရက်အထိ)

Author  လင်းနွေဦး
Categories
Published on Feb 25, 2024

“ကျပ် ၃၀ တိတိ ကျတဲ့ ဒီဇယ် နဲ့  ၁၀ ကျပ်တိုးလာတဲ့ ဓာတ်ဆီ”

 

ပြီးခဲ့တဲ့ အပတ်က အကုန်နီးပါး ဈေးတက်ခဲ့တဲ့ စက်သုံးဆီတွေဟာ ဒီတစ်ပတ်မှာတော့ ဒီဇယ်ဈေးတွေ ပြန်ကျခဲ့ပြီး ဓာတ်ဆီ အမျိုးအစားဖြစ်တဲ့ 95 အောက်တိန်းတစ်မျိုးသာ အနည်းငယ် စျေးတက်ခဲ့ပါတယ်။

 

အတက်ဘက်ကို ရောက်ခဲ့တဲ့ 92 အောက်တိန်း ကတော့ ဒီတစ်ပတ် မှာ တက်လည်း မတက် ကျလည်းမကျဘဲ ပြီးခဲ့တဲ့ အပတ်က ဈေးနှုန်းမှာပဲ တန့်နေတာကို မြင်တွေ့ရပါတယ်။

 

ဒီဇယ် အမျိုးအစားတွေ ဖြစ်တဲ့ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၅၉၅ ကျပ်ကနေ ကျပ် ၃၀ တိတိကျခဲ့ပြီး အဆင့်မြင့် ဒီဇယ် တစ်လီတာကလည်း ၂၆၄၀ ကျပ်ကနေ ကျပ် ၃၀ တိတိ ထပ်တူ ကျခဲ့ပါတယ်။ ဓာတ်ဆီ အမျိုးအစားဖြစ်တဲ့ 95 အောက်တိန်း  တစ်လီတာက တော့ ၂၈၇၅ ကျပ်မှ ၁၀ ကျပ် တိတိ တိုးလာခဲ့ပါတယ်။

 

ဒီတစ်ပတ် ရဲ့ စက်သုံးဆီ အပိတ် ဈေးနှုန်း တွေကတော့ ရိုးရိုး ဒီဇယ် တစ်လီတာကို ၂၅၆၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၂၆၁၀ ကျပ် ဈေးရှိကာ ဓာတ်ဆီ အမျိုးအစားတွေ ဖြစ်တဲ့ 92 အောက်တိန်း တစ်လီတာကို ၂၇၇၀ ကျပ် နဲ့ 95 အောက်တိန်း တစ်လီတာကို ၂၈၈၅ ကျပ် ဈေးရှိပါတယ်။