ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ (နိုဝင်ဘာ ၂၀ မှ ၂၅ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 25, 2023

“ပြန်တက်လာတဲ့ စက်သုံးဆီဈေး”

 

ကားတန်းရှည်တွေနဲ့ အချိန်များစွာ တန်းစီဝယ်နေရတဲ့ စက်သုံးဆီဈေးတွေ ပြန်လည်မြင့်တက်လာပါတယ်။ အောက်တိန်း 92၊ 95၊ ရိုးရိုးဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ်တွေအားလုံး ဈေးတက်လာတာပါ။

 

စက်သုံးဆီ အသုံးပြုသူတွေကတော့ တန်းစီဝယ်နေရဆဲဖြစ်သလို တစ်စီးကို ကျပ်နှစ်သောင်းပဲ

ဝယ်ခွင့်ပြုထားဆဲဖြစ်တယ်လို့ ကားပိုင်ရှင်တွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ အပတ်ကနဲ့နှိုင်းယှဉ်ရင် အောက်တိန်း 92 တစ်လီတာ ၁၀၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၁၁၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၇၅ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ်တစ်လီတာ ၇၅ ကျပ်ဈေးကျပါတယ်။

 

လက်ရှိ စက်သုံးဆီဈေးကွက်အတွင်း အောက်တိန်း 92 တစ်လီတာ ၂၁၇၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၃၀၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၂၀၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၂၂၉၀ ကျပ်ဈေးရှိပါတယ်။