ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ (နိုဝင်ဘာ ၆ မှ ၁၁ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 11, 2023

“ကြိုက်စျေးမရလို့ လိုသလောက်ထုတ်မရောင်းတဲ့စက်သုံးဆီ”

 

စျေးတက်ချိန်ဆိုပါက ဘယ်ဆိုင်မဆို စက်သုံးဆီစိတ်ကြိုက်ဝယ်လို့ရခဲ့ပေမယ့် ယခုလို စျေးတွေအေးနေချိန် စက်သုံးဆီလုပ်ငန်းရှင်တွေ ကြိုက်စျေးမရတာကြောင့် ထုတ်ရောင်းဖို့လက်တွန့်နေကြပါတယ်။

 

ဒါကို မိမိဆန္ဒကိုလွတ်လပ်စွာရေးသားခွင့်ရှိနေတဲ့ လူမှုကွန်ရက်တွေပေါ်မှာ သက်သေတည်နေပါတည်။

 

“အောက်တိန်း 95 တစ်လီတာ 2160 စျေးနဲ့ပိုးစိုးပက်စက် ၈၁,၀၀၀ ဖိုး ရတယ်။ ရန်ကုန် ဆီဆိုင်တွေမှာ ဆီတခါ တန်းစီရင် ၂/၃ နာရီကြာပြီး လိုသလောက် မရကြလို့တဲ့” ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ဆီတိုးနေကြတဲ့ကားတန်းကြီးကို ဓာတ်ပုံရိုက်ပြပြီး ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့အပတ်တွေထဲ စက်သုံးဆီစျေးတွေကို ဆွဲတင်ပြီး အရောင်းအဝယ်ပြုလုပ်ခဲ့ကြပေမယ့် ဒီတစ်ပတ်ထဲမှာတော့ အောက်တိန်း 92 နဲ့ 95 တစ်လီတာကို ၂၀ နဲ့ ၃၀ ကျပ်စီလျှော့ရောင်းခဲ့ပါတယ်။ ဒီဇယ်တစ်လီတာ ၄၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၃၅ ကျပ်စျေးကျနေတာဖြစ်ပါတယ်။ ကမ္ဘာ့စက်သုံးဆီ Brent ဆီစျေးဟာလည်း အရင်အပတ်ကထက် တစ်စည်ကို အမေရိကန် ၃ ဒေါ်လာခန့် ဆက်လက်ကျဆင်းလာပါတယ်။

 

ဒါကြောင့်ပဲ ရန်ကုန်နဲ့ မြို့ကြီးတွေမှာ ဂက်စ်တန်းစီပြီးဝယ်ရသလို စက်သုံးဆီကိုလည်း တန်းစီပြီးဝယ်ယူနေကြရပြီး အကန့်အသတ်နဲ့ဝယ်ယူနေကြရပါတယ်။

 

လက်ရှိစက်သုံးဆီစျေးကွက်ထဲ အောက်တိန်း 95 တစ်လီတာ ၂၀၆၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၁၆၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၁၉၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၂၃၁၅ ကျပ်စျေးရှိပါတယ်။

 

လက်ရှိကမ္ဘာ့စက်သုံးဆီ တစ်စည်ကို အမေရိကန်ဒေါ်လာ ၈၁.၄၃ ကျပ်စျေးရှိပါတယ်။