“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၂ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Dec 03, 2023

“ တစ်လီတာ သုံးရာကျော် တက်လာတဲ့ 92/95”

 

ဒီတစ်ပတ်မှာတော့ တန်းစီဝယ်ရတဲ့ အချိန်တွေ တိုးလာသလို စက်သုံးဆီဈေးတွေလည်း ထပ်မံမြင့်တက်လာပါတယ်။ တက်သမှ အောက်တိန်း 92/95 တစ်လီတာကို ရက်ပိုင်းလေးအတွင်း တစ်လီတာ “၃၄၀” ကျော်အထိ ခုန်တက်သွားတာပါ။ ရိုးရိုးဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်ကတော့ မသိမသာလေး တက်ပါတယ်။

 

အရင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက အောက်တိန်း 92 တစ်လီတာ ၃၄၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၄၀ ကျပ်အတိအကျကို တိုးလာပါတယ်။ အဆင်မြင့်ဒီဇယ်က တစ်လီတာ ၁၅ ကျပ်နဲ့ ရိုးရိုးဒီဇယ်က တစ်လီတာ ၁၀ ကျပ်တက်လာပါတယ်။

 

စစ်ကောင်စီက စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ပုံမှန်လဲလှယ်ရောင်းချပေးနေတဲ့ ဗဟိုဘဏ် သတ်မှတ်ဈေးဖြစ်တဲ့ အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ ကျပ်နှုန်းနဲ့ မလဲပေးတော့တာကြောင့် အခုလို မြင့်တက်လာရတာလို့ သိရပါတယ်။

 

လက်ရှိ ဈေးကွက်အတွင်း စက်သုံးဆီဈေးကွက်အတွင်း အောက်တိန်း 92 တစ်လီတာ ၂၅၁၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၆၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၂၁၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ်ဈေးရှိနေပါတယ်။