“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဇန်နဝါရီ ၈ ရက်မှ ၁၃ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jan 13, 2024

အပြောင်းအလဲ သိပ်မရှိတဲ့ ငွေကြေးဈေးကွက်

 

ဒီတစ်ပတ်(ဇန်နဝါရီ ၈ ရက်မှ ၁၃ ရက်အထိ)ထဲ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ အပြောင်းအလဲနည်းခဲ့တဲ့ ရက်သတ္တပတ်လို့ပဲ ဆိုရပါမယ်။

 

အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်ဈေးနှုန်းတွေ တစ်ပတ်လုံး တောက်လျှောက် တည်ငြိမ်နေသလို စင်ကာပူဒေါ်လာကလည်း တနင်္လာနေ့ကထက် တစ်ဒေါ်လာ ၅ ကျပ်တက်ပြီး တရုတ်ယွမ်အနည်းငယ် တက်သွားတာပဲ ရှိခဲ့ပါတယ်။

 

ဈေးကွက်ထဲ နိုင်ငံခြားငွေဝယ်လိုအားကလည်း ဒီတစ်ပတ်ထဲ နည်းပါးနေတယ်လို့ ရန်ကုန်က ငွေလဲကောင်တာဆီက သိရပါတယ်။

 

နိုင်ငံခြားငွေကြေးဈေးကွက်ထဲ အမေရိကန် တစ်ဒေါ်လာ ၃၄၅၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၆၀၀ ကျပ်၊ ထိုင်းတစ်ဘတ် ၉၉.၅၀ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၇၄၇ ကျပ်နဲ့ တရုတ် တစ်ယွမ် ၄၈၃ ကျပ် ဖြစ်ပါတယ်။