“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဒီဇင်ဘာ ၂၄ မှ ၃၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 30, 2023

“ကန်နဲ့ စင်ကာပူဒေါ်လာ ကျ၊ ထိုင်းတစ်ဘတ် ၁၀၀ ကျော်အထိတက်”

 

ဒီတစ်ပတ်ထဲမတော့ ကျပ်ငွေဈေးမာပြီး နိုင်ငံခြားငွေအချို့ကျသလို အချို့လည်း အနည်းငယ်တက်ပါတယ်။ အဲဒီထဲကမှ အိမ်နီးချင်းထိုင်းဘတ်ဈေးတွေ တစ်ဘတ်ကို ၁၀၀ ကျပ်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။  ငြိမ်နေတဲ့ အမေရိကန်ဒေါ်လာဈေးကျသလို ဆက်တိုက်တက်နေတဲ့ စင်ကာပူဒေါ်လာဈေးလည်း အနည်းငယ် ဆင်းပါတယ်။

 

အမေရိကန်တစ်ဒေါ်လာ ၃၅၀၀ စွန်းစွန်းနဲ့ တည်ငြိမ်နေခဲ့ရာမှာ ဒီတစ်ပတ်ထဲမှာတော့ တစ်ဒေါ်လာ ၃၄၅၀ ကျပ်အထိ ကျဆင်းသွားပါတယ်။ စင်ကာပူ ဒေါ်လာဈေးကတော့ ဒီဇင်ဘာ ၂၆ ရက်ကထက် တစ်ဒေါ်လာ ၁၀ ကျပ် ကျဆင်းသွားတာ ဖြစ်ပါတယ်။

 

ထိုင်းဘတ်ဈေးဟာ တစ်ဘတ်ကို ၉၉ ကျပ်စွန်းစွန်းနဲ့ ဈေးဖွင့်လာခဲ့ပြီး ဗုဒ္ဓဟူး၊ ကြာသာပတေးနဲ့ သောကြာနေ့တွေမှာ တစ်ဘတ်ကို ၁၀၀ဒဿမ၅၀ အထိမြင့်တက်ပြီးနောက် စနေနေ့မှာ တစ်ဘတ်ကို မူလဈေးဖြစ်တဲ့ ၉၉ဒဿမ၅၀ ကျပ်ကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

 

ကျန်ငွေကြေးတွေဖြစ်တဲ့ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်တို့ကတော့ အတက်အကျ သိပ်မရှိဘဲ ငြိမ်သက်လို့ နေပါတယ်။

 

လက်ရှိငွေကြေးဈေးကွက်ထဲ အမေရိကန်တစ်ဒေါ်လာ ၃၄၅၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၆၁၀ ကျပ်၊ ထိုင်းတစ်ဘတ် ၉၉ဒဿမ၅၀ ကျပ်၊ တရုတ် တစ်ယွမ် ၄၈၀ ကျပ်နှင့် မလေးရှားတစ်ရင်းဂစ် ၇၄၈ ကျပ်ဈေးဖြစ်ပါတယ်။