“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဒီဇင်ဘာ ၁၇ မှ ၂၃ အထိ)

Author ကိုထားဝယ်
Categories
Published on Dec 23, 2023

“ကန်ဒေါ်လာ ဆက်ကျပြီး ဘတ်နဲ့ စင်ကာပူ ဆက်တက်”

 

ဒီတစ်ပတ်ငွေကြေးဈေးကွက်ထဲ အမေရိကန်ဒေါ်လာဈေးတွေ နှစ်ပတ်ဆက်တိုက် ကျဆင်းသလို ဘတ်နဲ့ စင်ကာပူဒေါ်လာဈေးတွေ နှစ်ပတ်ဆက်တိုက် မြင့်တက်လာပါတယ်။

 

အရင် ဒီဇင်ဘာ ဒုတိယပတ်ကထက် အခုပတ်ထဲ ကန်တစ်ဒေါ်လာကို ၂၀ ကျပ်ကျတဲ့အတွက် နှစ်ပတ်အတွင်း အမေရိကန် တစ်ဒေါ်လာ ၅၅ ကျပ်အထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

 

နှစ်ပတ်ဆက်တက်တဲ့ စင်ကာပူဒေါ်လာနဲ့ ထိုင်းဘတ်တို့ဘက်မှာ အရင်ပတ်ကထက် စင်ကာပူတစ်ဒေါ်လာ ၁၀ ကျပ်ခန့်နဲ့ တစ်ဘတ်ကို ၁ ကျပ်တက်လာတာပါ။ ဒါကြောင့် နှစ်ပတ်အတွင်း စင်ကာပူတစ်ဒေါ်လာ ၄၀ ကျပ်တက်သလို ထိုင်းတစ်ဘတ်ကို ၃ ကျပ်တက်သွားတာပါ။

 

အဲဒီလိုပဲ တရုတ်ယွမ်ဈေးအနည်းငယ် ပြန်တက်ပေမယ့် မလေးရှားရင်းဂစ် အနည်းငယ်ပြန်ကျတာကို တွေ့ရပါတယ်။

 

ဒီတစ်ပတ်စနေနေ့ ငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၃၅၁၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၆၁၄ ကျပ်၊ ထိုင်း တစ်ဘတ် ၉၉ဒဿမ၅၀ ကျပ်၊ တရုတ် တစ်ယွမ် ၄၈၀ ကျပ်နဲ့ မလေးရှား တစ်ရင်းဂစ် ၇၄၅ ကျပ်တို့ဖြစ်ပါတယ်။