“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဒီဇင်ဘာ ၄ မှ ၉ အထိ)

Author ကိုထားဝယ်
Categories
Published on Dec 09, 2023

“ဗဟိုဘဏ်ကြောင့် ထပ်တက်တဲ့ နိုင်ငံခြားငွေ”

 

စစ်ကောင်စီထိန်းချုပ်ခံ ဗဟိုဘဏ်ရဲ့ အမေရိကန်ဒေါ်လာ ထိန်းချုပ်မှုဖြစ်တဲ့ တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်း ရောင်းချရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ငွေလဲခွင့်လိုင်စင်ရ ဘဏ်အချင်းချင်း လဲလှယ်မှုအတွက်  အဲဒီသတ်မှတ်ချက် ဖြေလျှော့ပေးလိုက်တယ်လို့ ဒီဇင်ဘာ ၆ ရက်က ထုတ်ပြန်ပါတယ်။

 

ဒီထုတ်ပြန်ချက်ကြောင့်ပဲ နိုင်ငံခြားငွေဈေးတွေ အဲဒီနေ့မှာ အကြီးအကျယ်လှုပ်ခပ်ခဲ့ပါတယ်။

 

အဲဒီနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၀၀ ကျပ်ဝန်းကျင်ကနေ ၃၆၀၀ ကျပ်အထိ မြင့်တက်ခဲ့သလို ထိုင်းတစ်ဘတ်ကို ၉၆ဒဿမ၆၁ ကျပ်ဝန်းကျင်မှ ၁၀၀ ကျပ်ဝန်းကျင်အထိတက်ခဲ့ပါတယ်။ အဲဒီလိုပဲ တရုတ်တစ်ယွမ် ၄၇၂ ကျပ်ကနေ ၄၈၅ ကျပ်အထိမြင့်တက်ခဲ့တာပါ။ စင်ကာပူဒေါ်လာဆိုရင်လည်း တစ်ဒေါ်လာ ၂၅၂၅ ကနေ ၂၆၀၀ ဝန်းကျင်အထိမြင့်တက်ခဲ့ပါတယ်။

 

ဒါပေမဲ့ စနေနေ့မှာတော့ အမေရိကန်တစ်ဒေါ်လာ ၃၅၅၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၅၇၅ ကျပ်၊ ထိုင်းတစ်ဘတ် ၉၇ဒဿမ၅၆ ကျပ်၊ တရုတ်တစ်ယွမ် ၄၇၅ ကျပ်ကို ပြန်ဖြစ်လာပါတယ်။ ဒါပေမဲ့ အဲဒီဈေးတွေဟာလည်း အမြင့်ဈေးတွေ ဖြစ်ပါတယ်။