“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (မတ်လ ၂၄ ရက်မှ ၃၀ ရက်အထိ)

Author လင်း‌နွေဦး
Categories
Published on Mar 31, 2024

“တစ်ဒေါ်လာ ၃၉၀၀ နီးပါးအထိ ဖြစ်လာတဲ့ USD”

 

ဒီတစ်ပတ် အတွက် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းတွေဟာ အရင်အပတ်ကထက် ဆက်လက်မြင့်တက်လာခဲ့ပြီး ဒေါ်လာအမျိုးအစားတွေဟာ လဲလှယ်နှုန်း အင်မတန် မြင့်လာခဲ့ပါတယ်။

 

အမေရိကန် တစ်ဒေါ်လာ လဲလှယ်နှုန်းဟာ ၃၉၀၀ ကျပ် နီးပါးအထိ ဖြစ်ခဲ့သည်သာမက စင်ကာပူ တစ်ဒေါ်လာ လဲလှယ်နှုန်းကလည်း ကျပ် ၂၈၀၀ ကျော်ခဲ့ပါတယ်။

 

ဒီလိုမျိုး လဲလှယ်နှုန်းတွေဟာ အရင်အပတ်ကထက် အမေရိကန် တစ်ဒေါ်လာကို ၁၅၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို ကျပ် ၈၀ ကျော်အထိ မြင့်တက်ခဲ့တာဖြစ်ပြီး အလားတူ ထိုင်းတစ်ဘတ် ကလည်း ၄ ဒဿမ ၄၅ ကျပ်၊ ဂျပန် တစ်ယမ်း ၁ ဒဿမ ၁၄ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၂၇ ကျပ်၊ တရုတ် တစ်ယွမ် ၁၅ ကျပ် အသီးသီး တက်လာခဲ့တာပါ။

 

ဈေးကွက် ငွေကြေးပညာရှင်များ ကတော့ ဒီလိုနိုင်ငံခြားငွေကြေးလဲလှယ်နှုန်း အဆမတန် မြင့်တက်တာဟာ လက်ရှိနိုင်ငံတွင်း ရွှေဈေးနှုန်းမြင့်တက်မှုတွေရဲ့ ရိုက်ခတ်မှု အကျိုးဆက်ဖြစ်တယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

 

မတ်လ ၃၀ ရက်နေ့ စနေနေ့ အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက် အပိတ်ဈေးတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၃၈၉၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၈၂၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၈ ဒဿမ ၁၁ ကျပ်၊ ဂျပန် တစ်ယမ်း ၂၅ ဒ ဿမ ၉၃ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၈၈၃ ကျပ် နဲ့ တရုတ် တစ်ယွမ် ၅၂၇ ကျပ် လဲလှယ်နှုန်း ရှိခဲ့ပါတယ်။