“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” ( မတ်လ ၁၀ ရက်နေ့မှ ၁၆ အထိ)

Author လင်းနွေဦး
Categories
Published on Mar 16, 2024

“နိုင်ငံခြားငွေ အကုန်တက်ပြီး ကျပ်ငွေတန်ဖိုး ဆက်ကျ”

 

မတ်လ တတိယ အပတ် နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ အရင် အပတ် ကထက် ဆက်လက် မြင့်တက်ခဲ့တာကြောင့် ကျပ်ငွေတန်ဖိုး ဆက်လက် ကျဆင်းနေခဲ့ပါတယ်။

 

အမေရိကန် တစ်ဒေါ်လာ လဲလှယ်နှုန်း ကျပ် ၃၀ တိတိ တက်ခဲ့ပြီး စင်ကာပူ တစ်ဒေါ်လာဟာလည်း ၄၀ ကျပ်အထိ တက်ခဲ့ပါတယ်။ အလားတူ ဘတ်ဈေး ၁ ဒဿမ ၄၆ ကျပ် တက်ခဲ့ပြီး ဂျပန် ယမ်း တန်ဖိုး မဆိုစလောက် ထပ်တက်ခဲ့ကာ ရင်းဂစ် နဲ့ တရုတ် ယွမ်ငွေ တို့ ၁၀ ကျပ်နီးပါး အထိ တက်ခဲ့ပါတယ်။

 

မတ်လ ၁၆ ရက်နေ့ စနေနေ့အတွက် နိုင်ငံခြား လဲလှယ်နှုန်း အပိတ်ဈေးတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၃၆၈၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၇၃၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၂ ဒဿမ ၅၆ ကျပ်၊ ဂျပန် တစ်ယမ်း ၂၄ ဒဿမ ၇၈ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၇၈၇ ကျပ် နဲ့ တရုတ် တစ်ယွမ် ၅၀၄ ကျပ် လဲလှယ်နှုန်း ရှိခဲ့ပါတယ်။