“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဖေဖော်ဝါရီ ၄ မှ ၁၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Feb 10, 2024

“တအိအိကျလာတဲ့ နိုင်ငံခြားငွေကြေးတွေ”

 

ပြီးခဲ့တဲ့ လနှောင်းပိုင်းထဲ ထိုးတက်ခဲ့တဲ့ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းတွေဟာ ဖေဖော်ဝါရီလထဲ တအိအိ ပြန်လည် ကျဆင်းလာနေပါတယ်။

 

ဇန်နဝါရီ နောက်ဆုံးပတ်ထဲ အမေရိကန်တစ်ဒေါ်လာ ၃၅၆၀ ကျပ်အထိ တက်ခဲ့ရာကနေ တစ်ဒေါ်လာ ၃၅၁၀ အထိ ပြန်ဆင်းသလို တစ်ဒေါ်လာ ၂၆၅၀ ကျပ်အထိ တက်ခဲ့တဲ့ စင်ကာပူဒေါ်လာဈေးတွေလည်း တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ယခုအခါ တစ်ဒေါ်လာ ၂၅၉၀ အထိ ကျဆင်းသွားခဲ့ပါတယ်။

 

ဒါဟာ လနဲ့ချီကြာ တစ်ဒေါ်လာ ၂၆၀၀ လောက်နဲ့ ငြိမ်သက်ခဲ့ဖူးတဲ့ စင်ကာပူဒေါ်လာဈေးရဲ့ အောက်ကို ဆင်းသွားခဲ့တာပါ။

 

အလားတူပဲ ထိုင်းတစ်ဘတ် ၁၀၂ ကျပ်နီးပါးအထိ မြင့်တက်ခဲ့ရာကနေ အခု တစ်ဘတ် ၉၉ ကျပ်ခန့်ကိုကျပါတယ်။ မလေးရှား ရင်းဂစ်နဲ့ တရုတ်ယွမ်တို့လည်း ကျဆင်းလာတာကို တွေ့မြင်ရပါတယ်။

 

ပြည်တွင်းတိုက်ပွဲတွေကြောင့် စီးပွားရေးချွတ်ခြုံကျနေတဲ့ မြန်မာပြည်မှာ ကျပ်ငွေဈေး အလွန်အမင်းကျဆင်းနေတာကြောင့် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းတွေ စံချိန်တင်မြင့်တက်လို့နေတာပါ။

 

ဖေဖော်ဝါရီ ၁၀ ရက် စနေနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၃၅၁၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၂၅၉၀ ကျပ်၊ ထိုင်းတစ်ဘတ် ၉၉ ကျပ်၊ ဂျပန်တစ်ယမ်း ၂၃ဒဿမ၇၉ ကျပ်၊ တရုတ်တစ်ယွမ် ၄၉၁ ကျပ်နဲ့ မလေးရှားတစ်ရင်းဂစ် ၇၄၉ ကျပ်ဖြစ်ပါတယ်။