ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ (နိုဝင်ဘာ ၆ မှ ၁၁ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 11, 2023

“ကျပ်စျေး ဆက်ဆင်းလို့ နိုင်ငံခြားငွေစျေးတွေ မြင့်တက်လာ”

 

ရှမ်းမြောက်တိုက်ပွဲတွေစပြီးနောက် ကျပ်စျေးတွေ သိသိသာသာကျဆင်းလာခဲ့တာ ရက်သတ္တပတ် နှစ်ပတ်ဆက်သွားပါပြီ။

 

ဒါကြောင့် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနဲ့ ထိုင်းဘတ်တွေအပါအဝင် နိုင်ငံခြားငွေစျေးတွေ ထပ်မံမြင့်တက်လာခဲ့ပါတယ်။

 

ဒီတစ်ပတ်အတွင်း တနင်္လါနေ့ကနေ့ယှဉ်ရင် အမေရိကန်တစ်ဒေါ်လာကို ၄၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၃၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၃ ကျပ်နီးပါး၊ တရုတ်တစ်ယွမ် ၈ ကျပ်နဲ့ မလေးရှားတစ်ရင်းဂစ်ကို ၂၀ ကျပ်နီးပါး စျေးနှုန်းမြင့်တက်လာတာကို တွေ့ရပါတယ်။

 

ရှမ်းမြောက်တိုက်ပွဲတွေအပြင် ကရင်နီဒေသနဲ့ စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ ကချင်တို့မှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ကျပ်စျေးဆက်ကျပြီး နိုင်ငံခြားငွေစျေးတွေ ဆက်မာလာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းသုံးသပ်နေကြပါတယ်။

 

လက်ရှိ နိုင်ငံခြားငွေကြေးစျေးကွက်ထဲ အမေရိကန်တစ်ဒေါ်လာ ၃၃၁၀ ကျပ်၊

စင်ကာပူတစ်ဒေါ်လာ ၂၄၂၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၉၂.၅၉ ကျပ်၊ တရုတ်တစ်ယွမ် ၄၅၅ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၇၁၂ ကျပ်နဲ့ ဂျပန် တစ်ယမ်းကို ၂၁.၈၉ ကျပ်စျေးရှိနေပါတယ်။