“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၂ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 03, 2023

“အတက်အကျများခဲ့တဲ့ နိုင်ငံခြားငွေဈေးများ”

 

တက်ရင် အတက်၊ ကျရင် ဆက်ကျတတ်တဲ့ နိုင်ငံခြားငွေဈေးတွေဟာ ဒီတစ်ပတ်ထဲမှာတော့ အတက်အကျများခဲ့တဲ့ ရက်သတ္တပတ်တစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

 

ကုန်သွယ်မှုမှာ အဓိကသုံးစွဲသလို ရင်းနှီးမြှုပ်နှံမှုအဖြစ် စုကြတဲ့ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်လို နိုင်ငံခြားငွေတွေဟာ အတက်အကျတွေဖြစ်ပေါ်ခဲ့ကြပါတယ်။ အမေရိကန်တစ်ဒေါ်လာ ၅၀ ကျပ်အတွင်း အတက်အကျအများဆုံးဖြစ်ခဲ့ပြီး စင်ကာပူဒေါ်လာကတော့ တစ်ဒေါ်လာ ၂၀ ကျပ်အတွင်း အတက်အကျဖြစ်ခဲ့ပါတယ်။ ထိုင်းဘတ်နဲ့ တရုတ်ယွမ်တို့ကတော့ ၅ မှ ၁၀ ကျပ်အတွင်းမှာပဲ အတက်အကျဖြစ်ခဲ့ပါတယ်။

 

ဒါပေမဲ့ နိုင်ငံခြားငွေအားလုံးဟာ အမြင့်ဈေးနဲ့ပဲ ပိတ်သွားကြတာဖြစ်ပါတယ်။ ပြီးခဲ့အပတ်နဲ့နှိုင်းယှဉ်မယ်ဆိုရင်လည်း အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးတွေအားလုံးဟာ အပြောင်းအလဲမရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။

 

လက်ရှိနိုင်ငံခြားငွေကြေးဈေးကွက်ထဲ အမေရိကန်တစ်ဒေါ်လာကို ၃၄၂၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၂၅၃၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၉၇.၅၆ ကျပ်၊ ဂျပန်တစ်ယမ်းကို ၂၃ ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၇၅၀ ကျပ်နဲ့ တရုတ်တစ်ယွမ်ကို ၄၇၀ ကျပ်ဈေးဖြစ်ပါတယ်။