ဒီတစ်ပတ်ရဲ့ ရွှေစျေးအတက်အကျ (နိုဝင်ဘာ ၂၀ မှ ၂၅ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 25, 2023

“ကမ္ဘာ့ဈေး ပြန်တက်ပေမယ့် အဆမတန် ရွှေဈေး ပြန်ကျ”

 

ပြီးခဲ့တဲ့အပတ်ထဲ တောက်လျှောက်မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ အခုပတ်ထဲမှာ ပြန်ကျလာပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်ထဲကျခဲ့တဲ့ ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၀၀၀ ကျော်အထိ ပြန်တက်လာပါတယ်။

 

ပြီးခဲ့တဲ့အပတ်က ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၈ သိန်းနီးပါးရှိတဲ့ ပြည်တွင်းရွှေဈေးဟာ အခုအပတ်ထဲ တစ်ကျပ်သား ၃၆ သိန်း ၆သောင်းအထိ ပြန်ကျပါတယ်။

 

ကမ္ဘာ့ရွှေဈေးကတော့ ပြီးခဲ့တဲ့အပတ်က တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၉၆၀ ကျော်ထိကျခဲ့‌ပေမယ့် ဒီတစ်ပတ်ထဲမှာတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၀၂ အထိ တက်လာခဲ့တာပါ။

 

ပြီးခဲ့တဲ့အပတ်ထဲ ပြည်တွင်းရွှေဈေးဟာ နိုင်ငံတဝှမ်းတိုက်ပွဲတွေကြောင့် ကြောက်လန့်တကြားတိုးဝယ်ခဲ့လို့ ရုတ်တရက်မြင့်တက်ခဲ့ရတာဖြစ်ပြီး ဒီတစ်ပတ်ထဲမှာတော့ အဲဒီလိုလူတွေလျော့ကျသွားတဲ့အတွက် ဈေးပြန်ကျလာတာဖြစ်ပါတယ်။

 

လက်ရှိရွှေဈေးကွက်ထဲ ၁၅ ပဲရည်တစ်ကျပ်သားကို ၃၄ သိန်း ‌ခြောက်သောင်းကျပ်နဲ့ ၁၆ ပဲရည်အခေါက်ရွှေ တစ်ကျပ်သားကို ၃၆ သိန်း ခြောက်သောင်းကျပ်ရှိပြီး ကမ္ဘာ့ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၀၂ အောင်စရှိပါတယ်။