ဒီတစ်ပတ်ရဲ့ ကျပ်ငွေ အပြောင်းအလဲ (နိုဝင်ဘာ ၂၀ မှ ၂၅ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 25, 2023

ဒီတစ်ပတ်ရဲ့ ကျပ်ငွေ အပြောင်းအလဲ (နိုဝင်ဘာ ၂၀ မှ ၂၅ အထိ)

 

CJ Platform

 

“နိုင်ငံခြားငွေဈေးတွေပြန်ကျ”

 

ဖြစ်သင့်တဲ့ဈေးထက် များပြားနေတဲ့ နိုင်ငံခြားငွေဈေး‌တွေဟာ ပြီးခဲ့တဲ့အပတ်ကထက် ဈေးကျသွားခဲ့ပါတယ်။ ပြည်တွင်းမှာ အဓိက ဖလှယ်အသုံးပြုကြတဲ့ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ မလေးရှားရင်းဂစ်နဲ့ ထိုင်းဘတ်ဈေးတွေ ပြန်ကျသွားတာပါ။

 

ပြီးခဲ့တဲ့အပတ်ကနဲ့ နှိုင်းယှဉ်ပါက အမေရိကန်တစ်ဒေါ်လာကို ၁၀၀ ကျပ်နီးပါး၊ ထိုင်းဘတ်၊ တရုတ်ယွမ်နဲ့ မလေးရှားရင်းဂစ်တို့‌မှာ သုံးကျပ် မှ ၁၀ ကျပ်ကြား ကျဆင်းလာပါတယ်။ ဒါပေမယ့် စင်ကာပူဒေါ်လာကတော့ ကျဆင်းခြင်းမရှိဘဲ ပြီးခဲ့တဲ့အပတ်ကအတိုင်း ဈေးငြိမ်နေပါတယ်။

 

အခုလက်ရှိ နိုင်ငံရေးအခြေအနေနဲ့ စစ်ကောင်စီရဲ့ ဈေးကွက်ထိန်းချုပ်မှုတွေကြောင့် ဈေးကွက်အတက်အကျကို ခန့်မှန်းဖို့ခက်ခဲတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။

 

လက်ရှိ နိုင်ငံခြားငွေကြေးဈေးကွက်အတွက် အမေရိကန်တစ်ဒေါ်လာကို ၃၄၂၅ ကျပ်၊ တစ်ယူရိုကို ၃၇၅၂ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၂၅၄၀ ကျပ်၊ ထိုင်းတစ်ဘတ် ၉၇ ကျပ်ကျော်၊ ဂျပန်တစ်ယန်း ၂၃ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၇၅၀ ကျပ်၊ တရုတ်တစ်ယွမ် ၄၇၈ ကျပ်ရှိတယ်လို့ သိရပါတယ်။