ဒီကနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ပြီး ဒီကနေ့ ညနေပိုင်းအထိ မိုးရွာဖို့ ရာခိုင်နှုန်း ၆၀ ရှိတယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး နောက်(၁၈)နာရီအတွင်း သီရိလင်္ကာနိုင်ငံကမ်းခြေ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေတို့ကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။