တောင်မြိုကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းကာ ဝင်ရောက်မီးရှို့ဖျက်ဆီး၊လူငယ်တစ်ဦး အသတ်ခံရ

Author CJ Platform
Categories
  • Photo News
Published on Aug 29, 2022

🖋CJ-001
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တောင်မြိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကြွယ်ပုံကျေးရွာရှိ ပျူစောထီးအဖွဲ့များမှ ဝင်ရောက်မီးရှို့ဖျက်ဆီးကာ ဒေသခံလူငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြစ်ခဲ့ပြီး ဒေသခံ ၂၀ကျော်ကို ဖမ်းဆီးထားကြောင်း စစ်ကိုင်းမြို့သတင်းမှန်မှ သိရသည်။
ယနေ့ ဩဂုတ်လ ၂၉ရက်နေ့ မနက် ၆နာရီခန့်တွင် တောင်မြိုကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၇လုံး ပျက်စီးသွားခဲ့ပြီး ဖမ်းဆီးခံထားရသည့် ဒေသခံများ၏ အခြေအနေနှင့် ပက်သက်ပြီး သီးခြားအတည်ပြုနိုင်မှု မရှိသေးပေ။