တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက် ဗုံးပေါက် သုံးဦးဒဏ်ရာရ

Author အောင်နိူင်သူ
Categories
Published on Aug 30, 2022

တောင်ဒဂုံမြို့နယ် ၁၉ရပ်ကွက် မောင်းမကန်လမ်းထောင့်နှင့် စည်ပင်လမ်းထောင့်တွင် ယနေ့နံနက် ခြောက်နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်လိုက်ရသည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“စျေးသွားနေရင်း အုန်းကနဲဆိုထပေါက်တာ ကျွန်တော်ကတော့ မထိဘူး အနောက်က ကောင်လေးတစ်ယောက်နဲ့ အစ်မကြီးနှစ်ယောက်ထိသွားတယ်”ဟု ရှင်းပြသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို သဃ်န်းကျွန်းစံပြဆေးရုံကြီးကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်ဖြင့် ပို့ဆောင်လိုက်သည်ဟု ရပ်မိရပ်ဖတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များက ဗုံးပေါက်ကွဲသည့်နေရာကို ထပ်မံရှာဖွေပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။