“တောက်လျှောက်တက်တဲ့ နိုင်ငံခြားငွေဈေး” (နိုဝင်ဘာ ၁၃ မှ ၁၈ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 18, 2023

နိုင်ငံတစ်ဝှမ်းတိုက်ပွဲတွေကြောင့် ကျပ်ငွေဈေးဆက်ဆင်းခြင်းနဲ့အတူ နိုင်ငံခြားငွေဈေးတွေအားလုံး နေ့တိုင်းနီးပါးမြင့်တက် လာနေပါတယ်။

 

ဒီအပတ် တနင်္လာနေ့က အမေရိကန် တစ်ဒေါ်လာကို ၃၃၀၀ သာရှိခဲ့ရာကနေ စနေနေ့နံနက်ပိုင်းမှာတော့ ၃၅၂၀ အထိ မြင့်တက်လာခဲ့ပါတယ်။ ဒီလိုပဲ စင်ကာပူဒေါ်လာဈေးဟာလည်း တနင်္လာနေ့က ၂၄၁၀ ကျပ်သာရှိခဲ့ရာမှ စနေနေ့မှာ ၂၅၅၀ ကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။

 

အလားတူ ထိုင်းတစ်ဘတ်ကို ၉၃ ကျပ်ကနေ ၁၀၀ ကျပ်နီးပါးအထိမြင့်တက်လာခဲ့ပါတယ်။ တရုတ်တစ်ယွမ်ကို ၄၅၅ ကျပ်ကနေ ၄၉၈ ကျပ်သို့‌လည်းကောင်း၊ မလေးရှားတစ်ရင်းဂစ်ကို ၇၀၉ ကျပ်မှ ၇၆၅ အထိသို့လည်းကောင်း၊ ဂျပန်တစ်ယန်းကို ၂၁ ကျပ်မှ ၂၃ ကျပ်သို့လည်းကောင်း၊ တစ်ယူရိုကို ၂၅၄၄ ကျပ်ကနေ ၃၈၂၆ ကျပ်သို့လည်းကောင်း အသီးသီး မြင့်တက်လာခဲ့ပါတယ်။

 

ဒါဟာ နှစ်လကျော်ကြာငြိမ်သက်နေတဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ထဲ မြင့်တက်မှုပမာဏ အများဆုံး ဖြစ်ပါတယ်။