တစ်ပတ်အတွင်း မိုးလေ၀သခန့်မှန်းချက်

Published on Dec 25, 2023

ယခုတစ်ပတ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် ညအခါ အအေးပိုလာနိုင်သကဲ့သို့ နံနက်ပိုင်းတွင် မြူထူများလည်း ကျဆင်းနိုင်ကြောင်း ၊ ၂ဝ၂၄ ခုနှစ်သည် ထူးထူးခြားခြား မုန်တိုင်းဖြင့် စတင်သောနှစ်အဖြစ် မှတ်တမ်းဝင်နိုင်ကာ စောင့်ကြည့်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

 

ယခုတစ်ပတ်အတွင်း ထူးခြားချက်မှာ  သီရိလင်္ကာနိုင်ငံ တောင်ဘက်ပင်လယ်တွင် ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်များတွင် အစပျိုးဖြစ်ပေါ်လာနိုင် ကြောင်း ၊  လက်ရှိ ခန့်မှန်းချက်များအရ အိန္ဒိယ အနောက်ဘက်ကမ်းခြေတွင် ၂၀၂၄ ခုနစ် ဇန်ဝါရီလ ၃ ရက် နှင့် ၄ ရက်များတွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်နိုင်ခြေရှိသည်ဟု သုံးသပ် ဖော်ပြထားသည်။

 

ထို့ပြင် ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက် နှင့် ၄ ရက်များတွင် မုန်တိုင်း ငယ်အဆင့်သို့ ရောက်ရှိလာပါက ၂ဝ၂၄ ခုနှစ်သည် ထူးထူးခြားခြား မုန်တိုင်းဖြင့် စတင်သောနှစ် အဖြစ်မှတ်တမ်းဝင်နိုင်သည် စောင့်ကြည့်ရမည်ဖြစ်ကြောင်း  ၄င်း၀န်ကြီးဌာနက ခန့်မှန်းထားသည်။

 

ဒီဇင်ဘာလ ၂၅ ၊ ၂၆ ၊၂၇ ၊ ၂၈ ရက်များတွင် ပူနွေးသော ပင်လယ် ရေငွေ့များကြောင့် မြန်မာနိုင်ငံအပေါ် တိုက်ရိုက် ပြင်းပြင်းထန်ထန် မထိခိုက်နိုင် သော်လည်း ဒေသတချို့တွင် နေရာကွက်ကျား မိုးသေး မိုးဖွဲများ ရွာနိုင်ပြီး၊ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် ညအခါ အအေးပိုလာနိုင်သကဲ့သို့ နံနက်ပိုင်းတွင် မြူထူများလည်း ကျဆင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။