တစ်ပတ်အတွင်း မိုးလေဝသခန့်မှန်းချက်

Published on Nov 27, 2023

ယခုအပတ်အတွင်း ပြည်တွင်းမိုးလေဝသထူး ခြားချက်အနေဖြင့် လာမည့် နိုဝင်ဘာလ ၂၈  နှင့်ဒီဇင်ဘာ ၃ ရက်နေ့ ရက်များတွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းတို့တွင်  ညအပူချိန်များ သိသိသသာသာကျ ဆင်း၍ အေးလာနိုင်ပြီး နံနက်ပိုင်းတွင် မြူထူများလည်း ထူထပ်စွာကျဆင်းလာနိုင်ကြောင်းလNUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယခုတစ်ပတ်အတွင်း ထူးခြားချက်မှာ လာမည့်ရက်သတ္တပတ် နိုဝင်ဘာလ ၂၈၊၂၉ ၊ ၃၀ နှင့် ဒီဇင်ဘာလ ၁၊၂ ၊ ၃ ရက်များတွင် ထိုင်းပင်လယ်ကွေ့ကို ဖြတ်ကျော်လာသော အရှေ့လေပွေလှိုင်းတစ်ခုသည် တနင်္သာရီကမ်းရိုးတန်း ကိုဖြတ်ကျော်လာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာနိုင်ပြီး အဆိုပါလေဖိအားနည်းဝန်းသည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ပြီး ကနဦးတွင် အနောက်မြောက်ဘက်သို့ဦးတည် ရွေ့လျားပြီး ပိုမိုအားကောင်းလာကာ အမည်ရ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ မုန်တိုင်းသည် ဒီဇင်ဘာလ ၂ ရက် နှင့် ၃ ရက်နေ့များတွင် အရှေ့မြောက်သို့ ပြန်ကွေ့လာပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေသို့  ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ၊ အဆိုပါ လေပွေလှိုင်း၊ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းငယ်နှင့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအပေါ် တိုက်ရိုက်ပြင်းပြင်းထန်ထန် မထိခိုက်နိုင်သော်လည်း အောက်ပိုင်း၊ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် နေရာ ကွက်ကြားမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ (၃) ရက်နေ့၌ နေရာကွက်၍မိုးကြီးနိုင်ကြောင်း ယင်း၀န်ကြီးဌာနကခန့်မှန်းထုတ်ပြန်ထားသည်။