ညောင်လေးပင်က ပြည်သူသုံးဦးကို စစ်တပ်ကဖမ်းဆီးပြီးနောက် နှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွား

Author လင်းနွေဦး
Categories
Published on Oct 02, 2023

ကရင်အမျိုးသားအစည်းအရုံး (KNU)အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာနေ ပြည်သူ(၃)ဦးကို စက်တင်ဘာလ (၂၉)ရက်က စစ်ကောင်စီမှ ဖမ်းဆီးသွားပြီးနောက် (၂)ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ခမရ-၂၀ တပ်ရင်းမှ ပုဇွန်မြောင်းရွာသားများဖြစ်သော ဦးမင်းမင်း (၄၁)နှစ်၊ ဦးကြီး (၄၄)နှစ်နှင့် ဦးဖြိုးဝေဦး(၄၃)နှစ်တို့ကို ပြီးခဲ့သည့်စက်တင်ဘာလ(၂၉) ရက်တွင် အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ဦးမင်းမင်းနှင့် ဦးကြီးတို့မှာ စက်တင်ဘာလ (၃၀) ရက်နေ့တွင် စစ်ကောင်စီ၏ ရက်စက်စွာညှင်းပန်းသတ်ဖြတ်မှုကို ခံခဲ့ရပြီး င်္ဦးဖြိုး‌ဝေဦးမှာ စစ်ကောင်စီ၏ လက်မှ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း KNU က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ မီးရှို့ ဖျက်ဆီးမှု၊ လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်မှုတို့ကြောင့် ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်း ပြည်သူ (၁၀)ဦးထက်မနည်းသေဆုံးကာ(၂၄)ဦးကျော် ထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ်အမြောက်အများနှင့် အိမ်မွေး တိရစ္ဆာန်များပါ သေကြေပျက်စီးခဲ့ရသည်။