စစ်ကောင်စီ စစ်ကြောင်းအား ထီးလင်း PDFမှ လက်နက်ကြီးဖြင့် ပစ်ခတ်

Author လင်းခိုင်
Categories
Published on Oct 03, 2022

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အနီးတွင် အင်အား ၃၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို PDF-Htilin က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယနေ့ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂ရက် နံနက် ၁၁နာရီ ၅၅မိနစ်တွင် ထီးလင်းမြို့မှ ထွက်လာသည့် စစ်ကောင်စီ အင်အား ၃၀ခန့်အား ဝါးရင်းချိုင်(ထီးလင်း) လမ်းခွဲတွင် PDF-Htilin က Drone ဖြင့်ထောက်လှမ်းရာ စစ်ကောင်စီကပစ်ခတ်သဖြင့် PDF-Htilin ဂန့်ဂေါခရိုင်အမှတ် ၂/၄/၁၀ တပ်ရင်းမှ ရဲဘော်များက လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုမှတဆင့် စစ်ကောင်စီတပ်များသည် ကျားခဲရွာသို့ထွက်ခွာရာ PDFများထောင်ထားသည့်မိုင်းနင်းမိပြီး ခြောက်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ကို မြင်တွေ့ရကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် PDF-Htilin ဘက်မှရဲဘော်လေးဦးပိတ်မိသော်လည်း လွတ်မြောက်ခဲ့ကြောင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်များကိုလည်း လုံခြုံရေးယူကာ ရွှေ့ပြောင်းခြင်းများဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။