စစ်ကောင်စီအဖွဲ့ဝင် ဦး၀ဏ္ဏမောင်လွင်၏ သားငယ်ဖြစ်သူ လင်းမင်းမောင်လွင်၏နေအိမ် ဗုံးဖြင့် တိုက်ခိုက်ခံရ

Author အိုင်လာ
Categories
Published on Oct 02, 2023

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ စစ်ကောင်စီအဖွဲ့ဝင် ဦး၀ဏ္ဏမောင်လွင်၏ သားငယ်ဖြစ်သူ လင်းမင်းမောင်လွင်၏ နေအိမ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (U.S.O) အဖွဲ့မှ CJ platform သို့ ပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီ ၂၆ မိနစ်အချိန်တွင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အောင်မြေသာစည် အိမ်ရာ အတွင်းရှိ ဦး၀ဏ္ဏမောင်လွင်၏ သားဖြစ်သူ နေအိမ်ကို စစ်ဆင်ရေး မဟာမိတ်အဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ရခြင်း အကြောင်းအရင်းမှာ အကြမ်းဖက် စစ်ကောင်စီနှင့် တစ်ဖွဲတည်းဖြစ်ခြင်း ၎င်းတို့နှင့် ပတ်သက်သောသူများဖြစ်သည့် သားဖြစ်သူ နေအိမ်ဖြစ်ခြင်း၊ အကြမ်းဖက်မှု အသုံးစရိတ်များ၊ နိုင်ငံခြား စီးပွားရေးများကို ခရိုနီများနှင့် ပူးပေါင်းပြီး အကျိုးအမြတ် ရှာဖွေ ပေးနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ကျွန်တော်တို့အဖွဲ့က စစ်ကောင်စီ ထောက်တိုင်များဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်သွားမှာ၊ ကျွန်တော်တို့အတွက် လက်နက်အင်အား ၊ပစ္စည်းအင်အား မလုံလောက်လည်း ရှိတာနဲ့ ကျွန်တော်တို့ ရှေ့ဆက်မှာ ၊ကျွန်တော်တို့ရန်ကုန်မှာ သွေး‌မအေးသေးကြောင်းနှင့် ကျွန်တော်တို့ အလှည့်ကျန်သေးတယ်””ဟု ပြောဆိုခဲ့သည်။

အလားတူပဲ ယမန်နေ့ည ၉ နာရီ ၃၀ မိနစ်အချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ထားဝယ် ချောင် နယ်မြေရဲစခန်းကို U.S.O မဟာမိတ်တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်လည်းရှိသည်။