စစ်ကောင်စီက အရပ်သားပြည်သူမျာအပေါ် လေကြောင်းဖြင့် တိုက်ခိုက်မှုအား လက်ခံနိုင်ဖွယ်မရှိသည့် လုပ်ရပ်ဟု UNမှ ထုံးစံအတိုင်း ထုတ်ပြန်လာ

Author လင်းခိုင်
Categories
Published on Oct 24, 2022

စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် လေ ကြောင်းဖြင့် တိုက်ခိုက်မှုသည် လက်ခံနိုင်ဖွယ်မရှိသည့် လုပ်ရပ်ဟု United Nations Myanmar က ထုံးစံအတိုင်း အထူးစိုးရိမ်ပူပန်၊ စိတ်မကောင်းဖြစ်ဟု ယနေ့ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ည ၈နာရီခန့်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှု သတင်းများကြောင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂမှ အထူးစိုးရိမ်ပူပန်ပြီး စိတ်မ ကောင်းဖြစ်ရကြောင်း၊ ကနဦးသိရှိချက်အရ လေ ကြောင်းတိုက်ခိုက်ခြင်း၏ ဗုံးပေါက်ကွဲမှုကြောင့် လူတစ်ရာခန့် ထိခိုက်ခဲ့ပြီး သေဆုံးမှု အများအပြားရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှု၏ အသေးစိတ်အချက်အလက်များကို ကုလသမဂ္ဂအနေဖြင့် ဆက်လက်စုံစမ်းနေပြီး သေဆုံးဒဏ်ရာရရှိခဲ့သည့် မိသားစုများနှင့် မိတ်ဆွေများအတွက် ၀မ်းနည်းရပြီး၊ ဒဏ်ရာရရှိသူများကို အရေးပေါ်ဆေးကုသမှုခံခွင့်ရရှိရန် တောင်းဆိုကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ထို့ပြင် လက်နက်မဲ့ အရပ်သားပြည်သူများအပေါ် စစ်ကောင်စီမှ အင်အားအလွန်အကျွံ သုံးစွဲ တိုက်ခိုက်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိသည့်အပြင် တာ၀န် ရှိသူများအနေခြင့် ယခုဖြစ်ရပ်ကို တာ၀န်ခံရမည်ဟု ကုလသမဂ္ဂက မြန်မာက ထုတ်ပြန်ထားသည်။