“စက်သုံးဆီ ပြတ်လပ်မှုနဲ့ ကြုံနေရ” (နိုဝင်ဘာ ၁၃ မှ ၁၈ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 18, 2023

ရန်ကုန်မှာ စစ်မဖြစ်သေးဘဲ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားမှုကြောင့် အရောင်းဆိုင်တွေမှာ စက်သုံးဆီ‌တွေပြတ်လပ်ပြီး လိုသလောက် ရောင်းမပေးနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

 

မျက်စိမဆုံးတဲ့ ကားတန်းကြီးတွေ စက်သုံးဆီဆိုင်တွေနား မြင်တွေ့နေရပြီး ကားတစ်စီးကို ကျပ်နှစ်သောင်းဖို့သာ ရောင်းချပေးနေတယ်လို့ ဝယ်ယူသူတွေဆီက သိရပါတယ်။ အရင်က ဂက်စ်အသုံးပြုမောင်းနှင်တဲ့ ယာဉ်တွေသာ တန်းစီခဲ့ရရာမှ အခုတော့ ဆီကားတွေလည်း လမ်းတွေပေါ်တန်းစီနေရပါတယ်။

 

သို့သော် ဆိုင်အများစုမှာ အဓိကအသုံးပြုတဲ့ အောက်တိန်း 92 နဲ့ 95 တွေပြတ်လပ်နေကြလို့ အရောင်းပိတ်ထားရပါတယ်။ စစ်တပ်နဲ့ နီးတဲ့ Denko နဲ့ Max ဆီဆိုင်တွေသာ ဆီရနေတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဆိုင်တွေမှာပဲ ကားတွေတန်းစီဝယ်ယူနေရတာပါ။

 

စက်သုံးဆီဈေးတွေကတော့ အောက်တိန်း 92 တစ်လီတာ ၂၁၀၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၂၄၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၂၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၂၂၁၅ ကျပ်ဈေးရှိပါတယ်။