ငါးသိုင်းချောင်းတွင် အမျိုးသမီးတစ်ဦး နေအိမ်တွင် ဓားဖြင့်ထိုးခံရပြီး သေဆုံး

Author အောင်နိုင်သူ
Categories
Published on Sep 06, 2022

ငါးသိုင်းချောင်းမြို့ မြိုမရပ်ကွက် ဗိုလ်ချုပ်နေဝင်းလမ်းတွင် ယနေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦးနေအိမ်တွင်
တစ်ဦးတည်းရှိနေစဥ် ဓားဖြင့်ထိုးသတ်ခံခဲ့ရသည်ဟု မြို့ခံတွေဆီက သိရသည်။

မြို့မရပ်ကွက် ဗိုလ်ချုပ်နေဝင်းလမ်းတွင် နေထိုင်သည့်ဒေါ်ခင်မေအုန်းဆိုသူ အမျိုးသမီးတစ်ဦးကို ယနေ့ နံနက်ပိုင်းက နေအိမ်တွင်တစ်ယောက်တည်းရှိနေစဥ် ဓားဖြင့်အချက်ပေါင်းများစွားထိုးခံထားရသည့် ဒဏ်ရာများဖြင့်
သေဆုံးနေတာကို တွေ့ရှိခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။


“ဓားပြတိုက်ခံရတယ်လို့ ပြောနေကြတယ် ဘာပစွည်းတွေပါသွားလဲမေးတော့ ဘယ်သူမှမသိဘူး ဘာ့ကြောင့် အသတ်ခံရလဲဆိုတာ အခုချိန်ထိသေချာမသိဘူး”ဟု ရှင်းပြသည်။

ငါးသိုင်းချောင်းမြို့ မြိုမရပ်ကွက်နေ အသက် ၅၅နှစ်အရွယ် ဒေါ်ခင်မေအုန်းသေဆုံးမှုနဲ့ပါတ်သတ်ပြီး ဒေသခံများကို CJ Platform  မှ ဆက်သွယ်မေးမြန်းရာ ဓားဖြင့်ထိုးသတ်ခံရပြီး ဓားပြတိုက်ခံရသည်ဟုဖြေပြီး တိကျသည့် သတင်းအချက်အလက်ကို မရရှိပေ။

စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေး တယ်လီဂရမ် Channel များတွင်မူ PDF အဖွဲ့မှ ဓားပြတိုက်ပြီး လူသတ်မှုပါကျူးလွန်ခဲ့သည်ဟု ဝါဒဖြန့်ချီရေးသားနေသည်ကို တွေ့ရပြီး ပြည်သူများမှ မဖြစ်နိုင်ကြောင်း မှတ်ချက်ပြုထားကြသည်။

လက်ရှိအခြေအနေတွင် အဆိုပါလူသတ်မှုနှင့်ပါတ်သတ်၍ စစ်ကောင်စီတပ်နှင့်ရဲများ မြိုမရပ်ကွက် ဗိုလ်ချုပ်နေဝင်းလမ်းတွင် စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

#ဧရာဝတီတိုင်း #ငါးသိုင်းချောင်းမြို့ #အမျိုးသမီးတစ်ဦးအသတ်ခံရ

Related News

Depend on news