ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဈာပနကို တိုကျိုမြို့တွင် ကျင်းပနေ

Author ဇိမ်း
Categories
Published on Sep 27, 2022

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော် ဈာပနကို တိုကျိုမြို့ ၌ ယနေ့တွင် ကျင်းပနေလျက်ရှိနေသည်။
၎င်း၏ ဈာပနကို တိုကျိုမြို့၊ Nippon Budokan မိုးလုံလေလုံခန်းမတွင် ကျင်းပနေခြင်းဖြစ်ပြီး ရှင်ဇိုအာဘေး၏ ဇနီးသည်အပါအဝင် ဧည့်သည်လေးထောင်ကျော် တက်ရောက် ဂုဏ်ပြုလျက်ရှိသည်။
ရိုက်တာသတင်းဌာန၏ ဖော်ပြချက်တွင် ပန်းခွေချ ဆုတောင်းခြင်းများအပါအဝင် သေနတ် ၁၉ ချက်ဖောက်ကာ အလေးပြုမှုများလည်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။
ယခု ကျင်းပနေသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော် ဈာပနသည် ၅၅ နှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပသည့် နိုင်ငံတော်ဈာပနဖြစ်သည်ဟုလည်း သိရှိရသည်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းက အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောနေစဉ်အတွင်း သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည်။
၎င်းကွယ်လွန်ချိန်တွင် အသက် အသက် (၆၇) နှစ် အရွယ်ရှိနေပြီဖြစ်သည်။ လက်ရှိ ကျင်းပနေသည့် ဈာပနနှင့် ပတ်သက်ပြီးလည်း ဂျပန်နိုင်ငံအတွင်း ဆန္ဒပြမှုတချို့ရှိနေသလို ထွက်ပေါ်နေသည့် သတင်းများအရ ရှင်ဇိုအာဘေး၏ ဈာပနာကို ငွေကုန်ကြေးကျခံပြီး ပြုလုပ်နေ၍ ဖြစ်သည်ဟု ဆိုသည်။