ချောက်မြို့တွင် ယာဉ်နှစ်စီးတိုက်မိပြီး လူ ၇ ဦးသေဆုံး

Author ခေတ်နီ
Categories
Published on Oct 29, 2022

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ယာဥ် နှစ်စီးတိုက်မိပြီး လူ ၇ ဦးသေဆုံးကာ ၁၂ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ချောက်မြို့နယ်၊ ဩဇာတောကျေးရွာအနီး၊ ရေနံချောင်း-ကျောက်ပန်းတောင်းသွား အဝေးပြေးလမ်း မိုင်တိုင်အမှတ် (၃၇၈/၇) အနီးတွင် ရပ်နားထားသည့် FUSO အမျိုးအစား(၁၂)ဘီးတပ်ယာဉ်ကို CANTER အမျိုးအစား ယာဉ်က အနောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၄) ဦး သေဆုံးခဲ့ကာ (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲဖြစ်သည်။

ဒဏ်ရာရရှိသူများကို ဒေသခံပရဟိတအဖွဲ့များမှ လူနာတင်ကားများဖြင့် ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။