ကြာအင်းဆိပ်ကြီးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

Author သီရိ
Categories
Published on Mar 16, 2024

ကြာအင်းဆိပ်ကြီးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

 

CJ Platform

 

ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မတ် ၁၅ရက် နေ့လယ် ၁၂နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနန်းကွင်းကျေးရွာမှ အသက် (၂၀)အရွယ်  အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

“အဲ့ကလေးမကတော့ အိမ်မှာဆေးပြန်ယူတဲ့အချိန် ထိတာ။ ရှောင်ရတဲ့သူတွေလည်း ရှိတာပေါ့ ”ဟု ဒေသခံတစ်ဦးက ပြောသည်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် အနန်းကွင်းကျေးရွာအနီးရှိ သံပုရာကျေးရွာမှ ဒေသခံအချို့လည်း အနီးဝန်းကျင်ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း၊ လွှတ်ရှမ်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ဓမ္မာရုံနှင့် ဆွမ်းစားဆောင် ပျက်စီးခဲ့ရကြောင်း သိရသည်။

 

မတ် ၅ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အနန်းကွင်းကျေးရွာတစ်ဝိုက် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့သည်။

 

ဓာတ်ပုံ−ပေးပို့