ကြည့်မြင်တိုင်မှာ ၇လွှာတိုက်အမြင့်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

Author စကားဝါ
Categories
Published on Sep 03, 2022

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း ထီးတန်းအိမ်ရာတွင် ၇လွှာတိုက်အမြင့်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် လူမှုရေအသင်းများထံမှ သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ ၃ရက်နေ့ မနက်ပိုင်းပိုင်တွင် ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီးသည် အသက် ၃၀အရွယ်ခန့်ရှိကာ ခင်ပွန်းဖြစ်သူ ကလေးနှစ်ဦးနှင့်အတူ နေထိုင်နေသူ ဖြစ်ကြောင်း သိရသည်။

“ကလေးမက မနေ့ကညပိုင်းက အရက်တွေသောက်စားထားတယ်လို့ သိရတယ် ၊ သူ့အမျိုးသားက လူမှုရေးအဖွဲ့တွေကို ဆက်သွယ်ပြီး အကူညီတောင်းလို့ လာကူညီကြတာ၊ ရဲကတော့ အမှုဖွင့်ထားတယ်”ဟု အနီးဝန်းကျင်နေထိုင်သူတစ်ဦးက ပြောသည်။

ယခုလို သေဆုံးမှုနှင့် ပက်သက်ပြီး မည်သည့်အကြောင်းအရာဖြစ်သည်ကို တိကျစွာ မသိရှိရသေးဘဲ ရဲတပ်ဖွဲ့မှ သေမှုသေခင်းဖွင့်လှစ်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း