ကျောင်းရွာ ၅၉၁ တပ်ရင်းမှ စစ်ကားအား ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်ခဲ့မှုကြောင့် စစ်သားနှစ်ဦးသေဆုံး

Author လင်းခိုင်
Categories
Published on Dec 27, 2022

ကျောင်းရွာ ၅၉၁ တပ်ရင်းမှ စစ်ကားကို ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်ခဲ့မှုကြောင့် စစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်မှ CJ Platform သို့ပြောသည်။

ယင်း စစ်ကားကို ယနေ့(ဒီဇင်ဘာ ၂၇ရက်) နံနက် ၈ နာရီ ၁၇ မိနစ် ခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာအတွင်း၌ ပင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီစစ်ကားကို ကျောင်းရွာရွာထဲမှာ ကျွန်တော်တို့ ဝိုင်းပစ်တယ်။ စစ်သားနှစ်ဦးသေတယ်။ ကျွန်တော်တို့ ဘက်က အထိအခိုက်မရှိခဲ့ဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

ရေဘီးလူးအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက်တွင်လည်း ရေးမြို့နယ်ရှိ ခမရ ၅၈၆ တပ်၏ စစ်ဆေးရေးဘန်ကာကို RPG ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၁၆ ရက်တွင်လည်း ရေးမြို့နယ် အမြှောက်တပ်ကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ယင်းအပြင် နို၀င်ဘာ ၂၃ ရက်တွင်လည်း ရေးမြို့မရဲစခန်းမှ ရဲစခန်းမှူး ဒုရဲမှူးလှဌေးနှင့် ရဲတပ်ကြပ်ကြီး နှစ်ဦးကို ရေးဘီလူးအဖွဲ့က တိုက်ခိုက်ခဲ့ပြီး အဆိုပါ ရဲနှစ်ဦးသေဆုံးခဲ့ကာ M-16 သေနတ်တစ်လက်၊ ခြောက်လုံးပြူး သေနတ်တို့ သိမ်းဆည်းရမိခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်း စစ်ကောင်စီ အခြေစိုက်စခန်းများ၊ စစ်ကောင်စီရဲ တပ်ဖွဲ့၀င်များကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ပြီး၊ အောင်မြင်မှုများ မကြာခဏရရှိထားသည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။
ဓာတ်ပုံ- လူမှုကွန်ရက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရေးမြို့နယ် #ရေးဘီလူး